The 74 Media

MNL တွင် ကချင်ယူနိုက်တက် တန်းဆင်း၊ အသင်းပိုမိုတိုးတက်အောင် လုပ်ဆောင်သွားမည်ဟု အသင်းခေါင်းဆောင်ပြော

မြန်မာနေရှင်နယ်လိဂ်တွင် တစ်ရာသီကစားပြီးသည့်နောက် ရှုံးပွဲအများအပြားနှင့်ရင်ဆိုင်ခဲ့ရသည့် ကချင်ယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် လိဂ် – တူးသို့ တန်းဆင်းကစားရတော့မည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA တိုက်ခိုက်၊ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံး

ဝိုင်းမော်မြို့နယ်ရှိ ဦးရွှေမင်းဦးဆောင်သည့်ပြည်သူ့စစ်စခန်းကို ယနေ့ နံနက် ၄ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် အိမ်ထောင်သည် အမျိုးသားတစ်ဦးပျောက်ဆုံးနေ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှ အမျိုးသားတစ်ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ခုနှစ်ရက်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထုအတွက် ရေဇွာမြို့ကို သိမ်းခဲ့တာပါ” – ဆလိုင်းထက်နီ (CNF/CNA ပြောရေးဆိုခွင့်ရှိသူ)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းက ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော် CNF/CNA ဦးဆောင်မှုနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ငါးရက်ကြာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။ ရေဇွာမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး...

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

မိုးညှင်းမြို့နယ်၊ ဘီလူးမြို့အနောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ယနေ့နံနက် ၁ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် အလွန်အကျွံရွှေတူးဖော်သဖြင့် ဒေသခံများအခက်တွေ့

မြစ်ကြီးနားမြို့နယ် အာလမ်ကျေးရွာအုပ်စုရှိ ဧရာဝတီမြစ်ကမ်းဘေးတွင် ပေ ၂၀၀ ပတ်လည်ခန့် အကျယ်ရှိသည့် ကျင်းနက်များတူးကာ စက်ယန္တရားကြီးများဖြင့် ဆူညံစွာရွှေတူးဖော်မှုနေသောကြောင့် ဒေသခံပြည်သူများ အခက်တွေ့နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် နမ့်ခမ်းမြို့တွင် နေအိမ်ငါးလုံးပျက်စီးသည်ဟုဆို

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယနေ့ နံနက် ၂ နာရီခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် နေအိမ်ငါးလုံးထိခိုက်ပျက်စီးသွားကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ထုန်ပြန်ထားသည်။

တမူးတွင် စစ်ကောင်စီစစ်ကြောင်းက နှစ်ရက်ဆက်တိုက်ရွာမီးရှို့ပြီး ဒေသခံလေးဦးကိုသတ်ဖြတ်

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတစ်ရွာကို နှစ်ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံလေးဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။

မုန်းမြို့ရှိစစ်ကောင်စီစခန်းအားလုံးကို KNU တိုက်ခိုက်သိမ်းပိုက်၊ တပ်ရင်းမှူးအပါအဝင် အများအပြားလက်နက်ချ

ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ညနေ ၅ နာရီခွဲခန့်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်းများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KNU က...

အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသဖြင့် မြစ်ကြီးနားဒေသခံများအခက်တွေ့

မိုဘိုင်းလ်နှင့် ဖိုင်ဘာအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် အချိန်ကြာမြင့်လာသဖြင့် မြစ်ကြီးနားမြို့မှ ကျောင်းသားများ၊ အွန်လိုင်းဈေးသည်များ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဈေးဆိုင်များ အခက်အခဲကြုံနေရကြောင်း သိရသည်။

တရားမဝင်ငွေကြေးကောက်ခံသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး ပစ်ခတ်ခံရ

နမ့်ယားကျေးရွာအတွင်း ငွေကြေးလိုက်လံကောက်ခံနေသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦး ယမန်နေ့ မွန်းလွှဲ ၁၂ နာရီခွဲခန့်က ထမင်းဆိုင်တစ်ဆိုင်တွင် ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဝိုင်းမော်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

ဝိုင်းမော်မြို့နယ်၊ ဝူယန်းအုပ်စု ဆယ်မြောင်းအနီးရှိ ထော့ဂေါရပ်ကွက်တွေ ယနေ့နံနက် ၇ နာရီခန့်က အမျိုးသားတစ်ဦး လည်ပင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။