The 74 Media

ကျောက်မျောတိုက်သည့်ရေများကို ဥရုချောင်းတွင် စည်းကမ်းမဲ့လွဲချနေသဖြင့် ချောင်းတိမ်ကောမည့်အန္တရာယ်ရှိနေ

ဖားကန့်မြို့ မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းကုမ္ပဏီများက ကျောက်မျောတိုက်ရာမှ စီးကျလာသော ရေများကို ဥရုချောင်းအတွင်းသို့ ဖောက်ချထားပြီး ချောင်းအတွင်းမြေစာများဖို့ကာ သွားလာနေသောကြောင့် ချောင်းတိမ်ကောလာမည်ကို ဒေသခံများစိုးရိမ်နေကြသည်။

ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းကို AA သိမ်းပိုက်၊ အခြား ဗျူဟာကုန်းကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ရဟတ်ယာဉ်ကွင်း ၂ ခုပါရှိသည့် စစ်ကောင်စီ၏ တရွန်အိုင်ဗျူဟာစခန်းကုန်းကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး နှုးဘူးဗျူဟာကုန်းကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ရက္ခိုင့်တပ်တော်...

စစ်ကောင်စီတပ်၏ လက်နက်ကြီး နှစ်လုံး တရုတ်နိုင်ငံအတွင်း ကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံး ယနေ့ နံနက် ၁၀ နာရီခွဲခန့်က တရုတ်နိုင်ငံအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ် ရှဒေါင်ကျေးရွာအနီးတွင် ဗုံးပေါက်၊ စစ်ကား မိုင်းဆွဲတိုက်ခိုက်ခံရဟုဆို

မြစ်ကြီးနားမြို့နယ် မြစ်ကြီးနား – မန္တလေးလမ်းရှိ ရှဒေါင်ကျေးရွာအနီးတွင် ယနေ့နံနက် ရှစ်နာရီအချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းတွင် လက်နက်ကြီးကြောင့် သားအမိသုံးဦးထိခိုက်ဒဏ်ရာရ၊ ကလေးငယ် နှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရ

မိုးညှင်းမြို့တွင် ယနေ့နက် ကိုးနာရီခန့်က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် သားအမိသုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်နှစ်ဦး အသက်အန္တရာယ် စိုးရိမ်ရကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ယင်းမာပင်မြို့နယ်တွင် အမျိုးသမီး သုံဦး သေဆုံး

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယမန်နေ့ မွန်းလွှဲ တစ်နာရီခွဲခန့်က ယင်းမာပင်မြို့နယ်မှ ဒေသခံသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

မုန်းမြို့က စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLAတပ် နဲ့ PDF ပူးပေါင်းတပ်တွေ ပဲခူးတိုင်း၊ မုန်းမြို့မှာရှိတဲ့ စစ်ကောင်စီစခန်းအားလုံးကို မနေ့ ညနေပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။  

MNL တွင် ကချင်ယူနိုက်တက် တန်းဆင်း၊ အသင်းပိုမိုတိုးတက်အောင် လုပ်ဆောင်သွားမည်ဟု အသင်းခေါင်းဆောင်ပြော

မြန်မာနေရှင်နယ်လိဂ်တွင် တစ်ရာသီကစားပြီးသည့်နောက် ရှုံးပွဲအများအပြားနှင့်ရင်ဆိုင်ခဲ့ရသည့် ကချင်ယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် လိဂ် – တူးသို့ တန်းဆင်းကစားရတော့မည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့နယ်ရှိ ပြည်သူ့စစ်စခန်းတစ်ခုကို KIA တိုက်ခိုက်၊ လက်နက်ကြီးကြောင့် ပြည်သူတစ်ဦးသေဆုံး

ဝိုင်းမော်မြို့နယ်ရှိ ဦးရွှေမင်းဦးဆောင်သည့်ပြည်သူ့စစ်စခန်းကို ယနေ့ နံနက် ၄ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)က သွားရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် အိမ်ထောင်သည် အမျိုးသားတစ်ဦးပျောက်ဆုံးနေ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှ အမျိုးသားတစ်ဦး မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်မှာ ခုနှစ်ရက်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ပြည်သူလူထုအတွက် ရေဇွာမြို့ကို သိမ်းခဲ့တာပါ” – ဆလိုင်းထက်နီ (CNF/CNA ပြောရေးဆိုခွင့်ရှိသူ)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းက ရေဇွာမြို့ကို ချင်းအမျိုးသားတပ်မတော် CNF/CNA ဦးဆောင်မှုနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့က ငါးရက်ကြာတိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့က သိမ်းပိုက်ခဲ့ပါတယ်။ ရေဇွာမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး...

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီစခန်းတစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

မိုးညှင်းမြို့နယ်၊ ဘီလူးမြို့အနောက်ဘက်ရှိ စစ်ကောင်စီတပ်စခန်းကုန်းတစ်ခုကို ယနေ့နံနက် ၁ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် KPDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။