တိုက်ပွဲမဖြစ်ဘဲ ပေါင် ၅၀၀ ဗုံးကြဲသဖြင့် တန့်ဆည်တွင် စာသင်ကျောင်းနှင့် ဆေးရုံပျက်စီး
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယနေ့နံနက် ၂ နာရီခန့်က လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှ စာသင်ကျောင်း၊ ဆေးရုံနှင့် လူနေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။