The 74 Media

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်တွင် လျှပ်စစ်မီးပြတ်တောက်နေ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ်ကျော်ခန့်ရှိပြီဖြစ်ပြီး လျှပ်စစ်မီးအားထားရသည့် ဆန်စက်လုပ်ငန်းများ ရပ်နားထားရကြောင်း သိရသည်။

ဝက်လက်တွင် စစ်ကောင်စီရဲစခန်းကိုတိုက်ခိုက်စဉ် စခန်းမှူးအပါအဝင် ၁၆ ဦးဖမ်းဆီးရမိသည်ဟုဆို

စစ်ကိုင်းတိုင်း၊ ဝက်လက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာရှိ စစ်ကောင်စီစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းမှူးနှင့် ဒုရဲအုပ်အပါအဝင် ၁၆ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က စယ်လန့်ကျေးရွာကို ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချ

စစ်ကောင်စီတပ်က ဒီကနေ့ မနက် ၁၂နာရီခွဲခန့်က မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာကို ပေါင် ၅၀၀ ဗုံးနဲ့နှစ်ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။

တစ်လနီးပါးတိုက်ခိုက်ပြီးနောက် TNLA က မိုင်းကျက်စခန်းကို သိမ်းပိုက်

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့တဲ့အချိန်ကနေ စစ်ကောင်စီတပ်က မဆုတ်တမ်းခုခံကာကွယ်နေတဲ့ မိုင်းကျက်တပ်စခန်းကို ဒီကနေ့ နံနက် ၁၂ နာရီကျော်မှာ TNLA က သိမ်းပိုက်ခဲ့ပါတယ်

ဗန်းမော်တွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကြောင့် နှလုံးရောဂါသည် အမျိုးသားတစ်ဦးသေဆုံး

ဗန်းမော်မြို့တွင် ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ဗန်းမော်မြို့၊ ဧရာဝတီမြစ်အနောက်ဖက်ကမ်း၊ အလယ်ကျွန်းရှိ ကုန်းခါးကျေးရွာ လယ်တောတဲတစ်ခုအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်...

စစ်ကိုင်းတိုင်းရှိ ရွှေပြည်အေးမြို့သစ်ကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအချို့ကို သုံးရက်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် အရှင်ဖမ်းဆီးရမိသူများလည်းရှိကြောင်းသိရသည်။ ရွှေပြည်အေးမြို့သစ်ရှိ စစ်ကောင်စီတပ်စခန်းများကို နိုဝင်ဘာ ၂၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ရာ ယမန်နေ့...

ဖားကန့်တွင် ဓားပြတိုက်သူများကို KIA ဖမ်းဆီးစစ်ဆေးနေ

ဖားကန့်မြို့တွင် လက်နက်ကိုင်ကာ အုပ်စုဖွဲ့လုယက်မှုကျူးလွန်နေသူငါးဦးကို ကချင်လွတ်မြောက်ရေးတပ် (KIA) ကဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာက ၁၃ ရက်နေ့က မော်ဝမ်းအုပ်စု၊ ဆွတ်ဘွမ်ကျေးရွာတွင် ကျူးလွန်သူငါးဦးကို လက်နက်များနှင့်အတူ...

ကာလုံခေါ်ပေမဲ့ စစ်ရေးအထိနာနေဆဲ စစ်ကောင်စီတပ်နဲ့ တစ်ပတ်တာ ကချင်စစ်ရေးအခြေအနေ

ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကချင်ပြည်နယ်ရဲ့ မြို့တော် မြစ်ကြီးနားမှာ မြို့တိုက်ပွဲဖြစ်တော့မဲ့အတွက် တိမ်းရှောင်ကြဖို့ သတိပေးစာအတုတွေ ထွက်လာသလို တချိန်တည်းမှာပဲ အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရလို့ စစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး လူထုအကြားမှာ...

တရုတ်ကို ဆန့်ကျင်ချင်သော်လည်း ပေါ်တင်မဆန့်ကျင်ရဲဖြစ်နေသည့် စစ်ကောင်စီတပ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ညီနောင်မဟာမိတ်အဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို “ကျူးကျော်သူများ၏ ကျူးကျော်စစ်” လို့ ရေးသားလာပြီး တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်လှုပ်ရှားမှုတွေ စတင်ဖော်ဆောင်လာပါတယ်။  

KIA ဂိတ်ထိုင်လိုက်သဖြင့် အင်ဂျန်းယန်မြို့နယ်မှ စစ်ကောင်စီတပ်စခန်းနှင့် ဌာနဆိုင်ရာရုံးများ မြစ်ကြီးနားသို့ ဆုတ်ခွာ

အင်ဂျန်းယန်မြို့အနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) ဂိတ်ထိုင်လိုက်သောကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်စခန်းနှစ်ခုနှင့် ဌာနဆိုင်ရာဝန်ထမ်းများ မြစ်ကြီးနားမြို့သို့ တိမ်းရှောင်သွားကြောင်း သိရသည်။

ကလေးတွင် စစ်ကောင်စီစခန်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်၊ တပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်က ပစ်ခတ်သဖြင့် ဝိုင်းမော်ဒေသခံတစ်ဦး ဒဏ်ရာရ

ဦးရွှေမင်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့က ဝိုင်းမော်မြို့နယ်တွင် ကင်းလှည့်နေစဉ် သေနတ်နှင့် ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။