သေနတ်လုယူထွက်ပြေးရန် ကြိုးစားသည့် ပျူစောထီးသုံးဦးသေဆုံး၊ ပြည်သူ့စစ်ခေါင်းဆောင်ကို သတ်ဖြတ်ပြီး အလင်းဝင်သည့်သတင်းမမှန်
တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည့် ပျူစောထီးအဖွဲ့ဝင်သုံးဦးက သေနတ်လုယူထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ ထန်းတပင်ကျေးရွာ စာသင်ကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို နှစ်ရက်ဆက်တိုက် သွားရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးငါးဦးကို...