The 74 Media

တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးရမ်းသမ်းပစ်ခတ်

စစ်ကောင်စီကတပ်စွဲထားသည့် တနိုင်းမြို့နယ်၊ တရုံကျေးရွာရှိ တပ်စခန်းက ယမန်နေ့ည ၁၀ နာရီခန့်မှစတင်ကာ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ အကြိမ်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း သိရသည်။

TNLA က စစ်ကောင်စီစခန်းတစ်ခုကို ထပ်မံသိမ်းပိုက်၊ လေယာဉ်မှချပေးသော လက်နက်ခဲယမ်းနှင့်ဆေးဝါး သေတ္တာများလည်း ရရှိခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်သကဲ့သို့ စစ်ကောင်စီလေယာဉ်မှ ချပေးသော လက်နက်ခဲယမ်းများနှင့် ဆေးဝါးပါ သေတ္တာ ၁၃ လုံးကိုသိမ်းဆည်းရမိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီစခန်းလေးခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟုဆို

ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းလေးခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ် ၁ စစ်ဒေသက ယနေ့နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။

လက်နက်ချအလင်းဝင်တဲ့သူများလာတာဟာ စစ်ကောင်စီတပ်ရဲ့ နေဝင်ချိန်အစဖြစ်တယ်

မြန်မာနိုင်ငံနေရာအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် လေကြောင်းပစ်ကူတွေကိုလည်း လိုသလောက်မရနိုင်တော့တာမို့ တပ်စခန်းအများအပြားကို စွန့်ခွာမှုတွေရှိနေသလို လက်နက်ချအလင်းဝင်တာတွေကိုလည်း အများအပြားတွေ့လာရတာပါ။

ပုလဲမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝင်ရောက်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းတို့ကို ယနေ့နံနက် ခုနှစ်နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီး အချို့သေဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသည့် ကုန်တင်ယာဉ်နှစ်စီး ယမန်နေ့ နံနက် ၁၁ နာရီခန့်က မြစ်ကြီးနား – ဗန်းမော်လမ်းရှိ ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်ခဲ့ရာ...

လွိုင်ကော်တက္ကသိုလ်မှ ဝန်ထမ်းနှင့်မိသားစုဝင်များကို တော်လှန်ရေးတပ်ပေါင်းစုက ကယ်ထုတ်၊ ပါမောက္ခချုပ် သတ်ဖြတ်ခံရသည်မှာ သတင်းအမှားဟုဆို

တိုက်ပွဲပြင်းထန်နေသောကြောင့် လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်းများကို ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများက ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ကြောင်း

လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ၁၁၀ ကျော်သေပြီး ၃၂ ဦး လက်နက်ချ

ကရင်နီပြည်နယ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်မ (၆၆) လက်အောက်ခံ ခ.မ.ရ (၄၂၅) နှင့် ခ.မ.ရ (၆) တပ်ရင်းတို့ကို KNDF က အပြီးသတ်ချေမှုန်းလိုက်ပြီး...

ပုလဲမြို့ ထွေအုပ်ရုံးကို တော်လှန်ရေးပူးပေါင်းအဖွဲ့တိုက်ခိုက်၊ စစ်ကောင်စီ ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ပုလဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နိုဝင်ဘာလ ၁၅ ရက်နေ့က ယင်းမာပင်ခရိုင်တပ်ရင်း (၁၁) (ကျားသစ်နက်)အဖွဲ့ဦးဆောင်ကာ ပခုက္ကူခရိုင်အမှတ် (၁၅)တပ်ရင်း (ကျားသစ်နက်) ၊ ပခုက္ကူခရိုင်အမှတ်...

စစ်ကောင်စီတပ် ခ.လ.ရ-၁၂၃ တပ်ရင်းအထိုင်စခန်းကို KIA တိုက်ခိုက်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခ.လ.ရ) ၁၂၃ အထိုင်တပ်ရင်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုကကြောင်း သိရသည်။

စစ်ကောင်စီနှင့်ပြည်သူ့စစ် စခန်းသုံးခုကို TNLA ထပ်မံသိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် စခန်းသုံးခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ သတင်းထုတ်ပြန်ထားသည်။

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် ဒေသခံ ၁၀၀ ကျော်သေဆုံး

ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ခြောက်ရက်အတွင်း ကလေးသူငယ်များ အပါအဝင် ဒေသခံပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။