The 74 Media

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ကန့်ဘလူတွင် စစ်ကောင်စီတပ်အသေများပြီး လက်နက်အများအပြားသိမ်းဆည်းရမိသည်ဟုဆို

ကန့်ဘလူမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး” ၏ ဖေ့စ်ဘုတ်စာမျက်နှာတိုက်ခိုက်ခံရ၊ စာမျက်နှာအတုထွက်ပေါ်နေ

“၁၀၂၇ စစ်ဆင်ရေး” နှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်နေသည့် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ တရားဝင်သတင်းနှင့် ပြန်ကြားရေးဖေ့ဘုတ် လူမှုကွန်ယက်စာမျက်နှာ ယာယီကန့်သတ်ခံထားရပြီး အမည်တူ စာမျက်နှာအတုများ တပြိုင်နက်တည်းထွက်ပေါ်လာနေကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်

မင်းကင်းမြို့နယ်မှ စုန်ဆင်းလာသော စစ်ကောင်စီတပ်၏ ရိက္ခာတင်သင်္ဘောအားလုံးကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

လီဒိုလမ်းမပေါ်ရှိ စစ်ကောင်စီ ခ.မ.ရ (၃၉၀) စခန်းကို KIA တိုက်ခိုက်

တနိုင်းမြို့နယ်၊ နန်ဖြတ်ယာန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့နံနက် ၆ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီထောက်ခံသူများက လူအင်အားအနည်းငယ်ဖြင့် KIA အလိုမရှိကြောင်းဆန္ဒထုတ်ဖော်သည်ဟုဆို

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာရပ်ကွက်နှင့် နေရာအချို့တွင် ယမန်နေ့က KIA နှင့် PDF အလိုမရှိကြောင်း လူစုလူဝေးပြုလုပ်ကာ မြို့ခံပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့သယောင်

အင်းတော်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်

အင်းတော်တွင် စစ်ကောင်စီတပ်နှင့် SNA ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကိုယ်ကျိုးအတွက် လီဆူလူငယ်များကို ဦးရွှေမင်း သေတွင်းပို့နေဟုဆို

ဦးရွှေမင်း (ခေါ်) ဦးဆီဖာလာလူးနဲ့ အပေါင်းအပါတွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး KIA ကိုတိုက်ခိုက်ဖို့ ပြောဆိုနေပေမဲ့ လူမျိုးရေးအခြေပြုပြီး ကိုယ်ကျိုးရှာတာဖြစ်တဲ့အပြင် လီဆူလူငယ်တွေကို သေတွင်းပို့နေတာဖြစ်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးနဲ့ လီဆူလူငယ်တွေက...

ထီးချိုင့်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး တော်လှန်ရေးတပ်ဖွဲ့များအသာစီးရရှိနေသည်ဟုဆို

ထီးချိုင့်မြို့အတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက အနီးရှိရွာကို မီးရှို့ဖျက်ဆီး

ယင်းမာပင်မြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက အနီးရှိကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးလိုက်ကြောင်းသိရသည်။

မြစ်ကြီးနား-ဆွမ်ပရာဘွမ်လမ်းပေါ်တွင် KIA က ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေ

မြစ်ကြီးနား – ဆွမ်ပရာဘွမ်သွားလမ်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) က ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာသူများကို စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။