The 74 Media

ဝိုင်းမော်အခြေစိုက် ခ.မ.ရ ၃၂၁ တပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရ

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ နံနက် ၁ နာရီခွဲခန့်က ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ကလည်း အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစခန်းနှစ်ခုကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းအလှူတော်နဲ့ နိုဝင်ဘာလပထမအပတ်ရဲ့ ကချင်နဲ့ရှမ်းမြောက် စစ်ရေး အခြေအနေ

တရုတ်နိုင်ငံက တိုက်ပွဲရပ်ဖို့ပြောနေပေမဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ရပ်တန့်ခြင်းမရှိသေးဘဲ တစ်မြို့ပြီး တစ်မြို့ စခန်းတစ်ခုပြီး တစ်ခု ဆက်လက်သိမ်းပိုက်နေဆဲဖြစ်ပါတယ်။  

ထီးချိုင့်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်

ထီးချိုင့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ မွန်းလွှဲ ၃ နာရီခွဲခန့်ကစတင်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောလက်နက်ကြီးကြောင့် မိုးမောက်တွင် ပြည်သူလေးဦးဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့ည ၇ နာရီခန့်က စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မိုးမောက်မြို့မှ ဒေသခံပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ထီးချိုင့်တစ်မြို့လုံးရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး ထွက်ပြေး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်တစ်မြို့လုံးရှိ စစ်ကောင်စီရဲစခန်းအပါအဝင် ဌာနဆိုင်ရာရုံးများအားလုံး ပိတ်ထားပြီး ဝန်ထမ်းများထွက်‌ပြေးသွား‌ကြောင်းသိရသည်။

ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးနှင့် ပြည်သူ့စစ် ၁၅ ဦး အလင်းဝင်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နှစ်ရက်အတွင်း ဒုတပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးနှင့် ပြည်သူ့စစ် ၁၅ ဦး အလင်းဝင်ရောက်ခဲ့ပါတယ်။  

မြစ်ကြီးနားတွင် တစ်ပတ်အတွင်း အိမ်စီးကားသုံးစီးအထိ ခိုးယူခံရ

ခိုးဆိုးလုယက်မှု အလွန်များလာသော မြစ်ကြီးနားမြို့တွင် တစ်ပတ်အတွင်း အိမ်စီးကား သုံးစီးထက်မနည်း ခိုးယူခံခဲ့ရကြောင်း သိရသည်။

တမူးမြို့နယ် ခမ်းပတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပြီ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ကြေညာလိုက်သည်။

ချင်းတွင်းမြစ်တွင် စစ်ကောင်စီထောက်ပို့သင်္ဘောများတိုက်ခိုက်ခံရပြီး နှစ်စီးကိုတိုက်ခိုက်ဖျက်ဆီး

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသောစစ်ကောင်စီ ထောက်ပို့သင်္ဘောခုနှစ်စီး ယမန်နေ့ည ၁၀ ခန့်က ကနီမြို့အနီးတွင် တိုက်ခိုက်ခံခဲ့ရပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သင်္ဘောနှစ်စီးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မုံကိုးဗျူဟာကုန်းကို ညီနောင်မဟာမိတ်တပ်နှင့်ပူးပေါင်းတပ်များ သိမ်းပိုက်၊ တိုက်ခိုက်ရေးတင့်ကားတစ်စီးလည်း ထပ်မံသိမ်းဆည်းရမိ

စစ်ကောင်စီ၏ မုံကိုးဗျူဟာကုန်းကို ယနေ့ နံနက်ပိုင်းက ကိုးကန့် (MNDAA)နှင့် ရက္ခိုင့်တပ်တော် (AA) မဟာမိတ်ပူးပေါင်းတပ်ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရှိန်ခေါင်ကျေးရွာတစ်ခုလုံးနီးပါး မီးလောင်ပျက်စီး၊ ရှို့မီးလည်းဖြစ်နိုင်သည်ဟုဆို

နယ်စပ်ဒေသဖြစ်သည့် ခေါင်းလန်ဖူးမြို့နယ်၊ ရှိန်းခေါင်ကျေးရွာတွင် ယမန်နေ့ည ၁၂ နာရီခန့်က ရွာလုံးကျွတ်နီးပါး နေအိမ်များမီးလောင်ပျက်စီးသွားကြောင်း သိရသည်။