The 74 Media

လက်နက်ကြီးအန္တရယ်ကြောင့် ဗုံးခိုကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး မြေပိသေဆုံး

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရန်ကြောင့် ဗုံးခိုကျင်းတွင်တိမ်းရှောင်နေသည့် သားအမိနှစ်ဦး ဗုံးခိုကျင်းပြိုကာမြေပိသေဆုံးခဲ့ကြောင်းသိရသည်။

ဝဒေသသို့ ကုန်းကြောင်း သို့မဟုတ် လေကြောင်းမှ ကျူးကျော်ဝင်ရောက်လာပါက တိုက်ခိုက်မည်ဟု UWSA ပြော

‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရန်အတွက် စစ်ရေးဆိုင်ရာ ကျူးကျော်ဝင်ရောက်မှုများကို ခုခံတိုက်ခိုက်သွားမည်

လိုင်ဇာမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်၊ မြို့တွင်းရှိဆိုင်များ ပိတ်ထား

စစ်ကောင်စီတပ်က လိုင်ဇာမြို့နှင့် အနီးပတ်ဝန်းကျင်ကို ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်ပြုလုပ်နေကြောင်းသိရသည်။

ကြူကုတ်ပန်ဆိုင်းမြို့တွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံး၊ ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ဆေးကုရန် တရုတ်နိုင်ငံ လက်မခံဟုဆို

စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းသိမ်းခံထားရသည့် မူဆယ်မြို့နယ် ကြူကုတ်ပန်ဆိုင်းမြို့ကို ယနေ့နံနက် ၇ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်

လိုင်ဇာမြို့အနီး စစ်ကောင်စီတပ်က လေကြောင်းမှဗုံးထပ်ကြဲ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ ယနေ့ မွန်းလွှဲ ၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှထမ်မံဗုံးကြဲပစ်ခတ်သွားကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA ကြားတိုက်ပွဲပြင်းထန်

ဖားကန့်မြို့နယ်တွင် ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

ဝိုင်းမော်တွင် နွားကျောင်းနေသည့်အဘိုးအိုတစ်ဦး ဆိုင်ကယ်တိုက်ခံရပြီး သေဆုံး

လမ်းဘေးတွင် နွားထိန်းကာလမ်းလျောက်နေသည့် အဘိုးအိုတစ်ဦး ယမန်နေ့ည ၇ နာရီခန့်က မိုင်းနားကျေးရွာတွင် ဆိုင်ကယ်ဖြင့်တိုက်မိသဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

မိုးကောင်းတွင် ကျင်းပပြုလုပ်မည့် မီးရထားလမ်းပိုင်းဖွင့်ပွဲသို့ မတက်ရောက်ရန် KPDF – Mogaung သတိပေး

စစ်ကောင်စီက ယနေ့နံနက်တွင်ကျင်းပပြုလုပ်မည့် မီးရထားလမ်းပိုင်းဖွင့်ပွဲသို့ ပြည်သူများအနေဖြင့် မတက်ရောက်ကြရန် မိုးကောင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF – Mogaung က အထူးအသိပေးချက်

တိုက်ပွဲပြင်းထန်နေသည့်ထီးချိုင့်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

တိုက်ပွဲပြင်းထန်နေသည့် ထီးချိုင့်မြို့နယ်တွင် ယနေ့နံနက်မှစတင်ကာ တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

လုံးခင်းရှိ ငွေလွှဲငွေထုတ်ဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၁၂၀၀ ခန့်ပါသွား

လက်နက်ကိုင်ဆောင်ထားသည့် လူငယ်ခုနှစ်ဦး ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ငွေလွှဲငွေထုတ်ဆိုင်တစ်ခုကို ဝင်ရောက်ဓားပြတိုက်သွားကြောင်း သိရသည်။

စခန်းများဆက်တိုက်သိမ်းဆည်းခံနေရချိန် မြစ်ကြီးနား – မိုးကောင်းမီးရထားပြန်လည်ပြေးဆွဲရန် စစ်ကောင်စီပြင်ဆင်၊ မိုင်းဆွဲခံရမည်စိုးရိမ်သဖြင့် ဒေသခံများမစီးရဲဟုဆို

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်စခန်းများဆက်တိုက်ဆိုသလိုသိမ်းဆည်းခံနေရချိန် မြစ်ကြီးနား-မိုးကောင်းမီးရထားပြန်လည်ပြေးဆွဲရန် ပြင်ဆင်နေကြောင်း သိရသည်။