The 74 Media

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဝဘာကျေးရွာကို ဒုတိယအကြိမ်မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၁၁ နာရီခန့်က ဒီပဲယင်းမြို့နယ်၊ ဝဘာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များကို ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းမြောက်တွင် KIO အရာရှိတစ်ဦးအပါအဝင် ငါးဦးကျဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ယနေ့ညနေလေးနာရီခွဲခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြိုနယ်တွင် KIO အရာရှိတစ်ဦးအပါအဝင် ငါးဦကျဆုံးခဲ့ကြောင်း သိရသည်။

ဝိုင်းမော်မြို့ ဆယ်ဘီးကားတိမ်းမှောက်မှုတွင် သေဆုံးသူ ခုနှစ်ဦးအထိရှိလာ၊ လေးဦးပျောက်ဆုံးနေဆဲ

ဝိုင်းမော်မြို့နယ်၊ ရှငေါ်ကျေးရွာတွင် ဆောက်လုပ်ရေးပစ္စည်းများနှင့် လုပ်သားများတင်ဆောင်လာသည့် ကားတိမ်းမှောက်မှုတွင် သေဆုံးသူဦးရေ ခုနှစ်ဦးထိရှိလာပြီး လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

ဖားကန့်တွင်မြေပြိုပြီး ကျောက်တူးသမားအချို့ပျောက်ဆုံးနေ

မြေပြိုမှုဖြစ်ပွားခဲ့သော လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က မြေပြိုမှုထပ်မံဖြစ်ပွားခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။

ချောင်းဦးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေ

ရိက္ခာရှာရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ကာ လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော်ကားလမ်းဘေးက လိုင်လွမ့်စခန်းကို KIA သိမ်းပိုက်

နေ့စဉ်နီးပါး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသော ဝိုင်းမော်နှင့်မိုးမောက်မြို့နယ်အစပ်မှ စစ်ကောင်စီစခန်းတစ်ခုအား ယနေ့ နေ့လယ်ပိုင်းက ကချင်လွတ်မြောက်ရေးတပ်(KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

ဗန်းမော်တွင် ရွှေဆိုင်ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတစ်ပိတ်သာခန့်ပါသွား

ဗန်းမော်မြို့ရှိ ရွှေဆိုင်တစ်ဆိုင် ယနေ့ နံနက် ၉ နာရီခန့်က ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းတစ်ပိဿာခန့် လုယူသွားကြောင်း သိရသည်။

စစ်ကောင်စီတပ် ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် မိန်းကလေးဆုံးပြီ

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးစထိမှန်ခဲ့သောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖားကန့်မြို့မှ အသက် ၁၂ နှစ်ခန့်အရွယ် မိန်းကလေးကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

ရှမ်းမြောက်တွင် စစ်ကောင်စီစခန်းကို KIA သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးခန့် အရှင်ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ယနေ့မွန်းလွှဲပိုင်းက ကချင်လွတ်မြောက်ရေးတပ် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသော်လည်း ဗန်းမော်တွင် မနောင်ပွဲ ကျင်းပမည်ဟုဆို

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသော်လည်း ဗန်းမော်တွင် မနောင်ပွဲ ကျင်းပမည်ဟုဆို