The 74 Media

မြစ်ကြီးနားတွင် လည်လှီးသတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

လည်ပင်းတွင် ဓားထိုးသွင်းဒဏ်ရာနှင့် ဓားခုတ်ခံထားရသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ရုပ်အလောင်းကို ယနေ့နံနက် ၈ နာရီခန့်က မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် ဆယ်ဘီးကားတစ်စီး တိမ်းမှောက်ပြီး ငါးဦးထက်မနည်းသေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရ

ဝိုင်းမော်မြို့နယ်တွင် ယနေ့မွန်းလွှဲ ၁၂ နာရီခွဲခန့်က ဆောက်လုပ်ရေးသုံးပစ္စည်းများနှင့် အလုပ်သမားများတင်ဆောင်လာသည့် ဆယ်ဘီးကားတစ်စီးတိမ်းမှောက်သောကြောင့် လူငါးဦးထက်မနည်းသေဆုံးပြီး ၁၈ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတွင် စစ်ကောင်စီတပ်နှင့်ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ ဒေသခံတစ်ဦးသတ်ဖြတ်ခံရ

စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာကျေးရွာတွင် ယမန်နေ့ညနေ ၅ နာရီခွဲခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီး

ဗန်းမော်တွင် KIA အရာရှိဟောင်းတစ်ဦးနှင့် မိသားစုဝင်များကိုဖမ်းဆီးပြီး နေအိမ်ကို ဗုံးခွဲဖျက်ဆီး

ဗန်းမော်မြို့ရှိ KIA အရာရှိဟောင်းတစ်ဦး၏မိသားစုဝင်များကို ယမန်နေ့ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များလာရောက်ဖမ်းဆီးသွားပြီး နေအိမ်ကို ဗုံးခွဲဖျက်ဆီးလိုက်ကြောင်းသိရသည်။

ဖားကန့်တွင် မြေပြိုပြီးတစ်ဦးသေသည့်အပြင် စစ်ကောင်စီတပ်ပစ်သည့် လက်နက်ကြီးကြောင့် ကလေးတစ်ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်တွင် ယမန်နေ့က မြေစာပြို့ကျမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေကူမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်သော လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးဒဏ်ရာရ

ရွှေကူမြို့တွင် ယနေ့နံနက်က KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ကသွားရောက်တိုက်ခိုက်ရာတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

ရွှေကူမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၆၀၂ ကို ယနေ့ နံနက်က ကချင်လွတ်မြောက်ရေးတပ် (KIA) ကသွားရောက်တိုက်ခိုက်ရာတွင် သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝိုင်းမော်မြို့နယ်တွင် KIA တစ်ဦးကျဆုံး

ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက်ပိုင်းမှစတင်ကာတိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့သည့် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီလိုအပ်နေ

သံတောင်ကြီးမြို့မြောက်ပိုင်း တောင်ငူ – လိပ်သို – လွိုင်ကော်လမ်းရှိ ကျေးရွာလေးရွာမှ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူများ

ဝိုင်းမော်တွင် ဆေးထိုးအပ်တန်းလန်းနှင့် ပိုင်ရှင်မဲ့အလောင်းတစ်လောင်းတွေ့

ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပိုင်ရှင်မဲ့အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆဒုံး – ကန်ပိုက်တီလမ်းတွင် မြေပြိုပြီး အမျိုးသားတစ်ဦးသေဆုံး

မိုးကြီးသောကြောင့် ဆဒုံး – ကန်ပိုက်တီလမ်းတွင် မြေပြိုသဖြင့် ယမန်နေ့ည ၉ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။