The 74 Media

ရွှေကူတွင် ရွှေတူးသည့်စက်လှေလေးစီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ရွှေကူမြို့ရှိ ဧရာဝတီမြစ်အတွင်း ရွှေတူးနေသည့်စက်လှေ လေးစီးခန့်ကို ယမန်‌နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေမော်တော်ပေါ်ရှိနေသူများကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်တွင် ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသောနေရာများတွင် အရှိန်လျှော့ကုန်းများ ပြုလုပ်နေ

တော်လှန်ရေးပူးပေါင်းတပ်များ မကြာခဏတိုက်ခိုက်လေ့ရှိသည့် ဖားကန့်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသောနေရာများအနီးတွင် အရှိန်လျှော့ကုန်း (slow down) များပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ရှိ တစ်နိုင်တစ်ပိုင်ဘိုးဘွားရိပ်သာတွင် ဆေးဝါးနှင့်ငွေကြေးအကူအညီလိုအပ်နေ

မြစ်ကြီးနားမြို့နယ် နောင်နန်းအုပ်စုတွင် ဖွင့်လှစ်ထားသော ဘိုးဘွားရိပ်သာဖေးမဂေဟာတွင် နာတာရှည်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူများအတွက် အကူအညီများလိုအပ်နေကြောင်း သိရသည်။

လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချောင်းတွင် အမည်မသိအမျိုးသမီးတစ်ဦး ရေနစ်သေဆုံး

လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချောင်းတွင် ယနေ့ နံနက် ၇ နာရီခန့်က အမည်မသိအမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက အိမ်ခြေ ၃၀ ထက်မနည်းကို မီးရှို့ဖျက်ဆီး

စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ညနေ ၄ နာရီခန့်တွင် မြောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အင်းတော်တွင်တိုက်ပွဲပြင်းထန်ခဲ့ပြီး KIA တစ်ဦးကျဆုံးကာ ပြည်သူတစ်ဦးလည်ကျည်ထိမှန်သေဆုံး

အင်းတော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကာ ပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီကြောင့် မိုးမောက်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေ၊ စစ်ကောင်စီတပ်က ဒရုန်းဖြင့် စောင့်ကြည့်နေဟုဆို

စစ်ကောင်စီတပ်က ယာဉ်တန်းများနှင့်အတူ စစ်ကြောင်းထိုးနေသောကြောင့် မိုးမောက်မြို့နယ်၊ နောင်ချိုကျေးရွာ ဒေသခံပြည်သူများ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ပုလဲအနောက်တောင်ဘက်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံတစ်သောင်းကျော်ထွက်ပြေး၊ ဒေသခံအချို့ကို ဓါးစာခံအဖြစ် ဖမ်းဆီးသွား

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းသို့ ယနေ့ နံနက် ငါးနာရီခန့်က စတင်ပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်လာသောကြောင့် ဒေသခံတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ဖားကန့်တွင် စားသောက်ဆိုင်ပိုင်ရှင်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ယနေ့ ညနေ‌ လေးနာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။

စစ်ကောင်စီထောင်ထားသော မိုင်းကြောင့် ဒေသခံတစ်ဦး ခြေဖြတ်လိုက်ရ၊ မိုင်းနင်းမိသူ လေးဦးရှိနေပြီဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်တောင်း-ဖာဖိန့်ကျေးရွာကို ဆက်သွယ်ထားသောလမ်းတွင် ယမန့်နေ့ ညနေ လေးနာရီခန့်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရကြောင်း သိရသည်။

ခရီးသွားအမျိုးသမီးတစ်ဦးထံမှ သိန်း ငါးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများမိ

မိုးညှင်းမြို့နယ်တွင် ခရီးသွားအမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၅၇၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့(CCDAC Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။

ဖားကန့်အခွန်ဦးစီးမှူးနှင့် ဒုဦးစီးမှူးကို အမည်မသိအဖွဲ့က ဖမ်းဆီး

ဖားကန့်မြို့နယ် အခွန်ဦးစီးရုံးမှ ဦးစီးမှူးနှင့် အခြားတစ်ဦးကို အောက်တိုဘာလ ၉ ရက် ညနေ ပိုင်းတွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။