The 74 Media

တိုက်ပွဲပြင်းထန်ခဲ့သည့် ဆိုင်းတောင်တွင် စစ်ကောင်စီတပ်က ညမထွက်ရထုတ်ပြန်

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆိုင်းတောင်ကျေးရွာကို ညမထွက်ရ မာရှယ်လောထုတ်ပြန်ထားကြောင်း သိရသည်။

စိတ်ကျန်းမာရေးကုသမှုခံယူနေသူတစ်ဦး ပျောက်ဆုံးနေ

မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ အမျိုးသားတစ်ဦး ယနေ့နံနက် သုံးနာရီခန့်က ပျောက်ဆုံးသွားကြောင်းသိရသည်။

ဖားကန့်တွင် ရွှေဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၅၀၀၀ ကျော်ဖိုး ရွှေများပါသွား

တစ်ရက်အတွင်း အမျိုးသားနှစ်ဦးပစ်သတ်ခံခဲ့ရသည့် ဖားကန့်မြို့နယ်တွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က ရွှေဆိုင်ဓားပြတိုက်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ်တွင် ယနေ့တစ်ရက်အတွင်း အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ ဖားပြင်ကျေးရွာမှ ဆန်းကြွယ်ကျေးရွာသို့သွားသော လမ်းတွင် ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က ဈေးသည်တစ်ဦး ဦးခေါင်းတွင်...

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ဆယ်ဦးထက်မနည်း သေဆုံးသည်ဟုဆို

ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်တွေ ယမန်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

လယ်ယာမြေကို အကွက်ရိုက်ရောင်းချမှုများအား ထပ်မံအရေးယူမည်ဟုဆို

အကွက်ရိုက်ရောင်းချမှုများနေသည့် မြစ်ကြီးနားမြို့တွင် လယ်ယာမြေများပေါ် ကျူးကျော်နေထိုင်ခြင်းများကို ထပ်မံအရေးယူဆောင်ရွက်သွားမည်ဟု ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကပြောကြားကြောင်း ယမန်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

ဆိုင်းတောင်ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်၏ ကားနှစ်စီးနှင့် ဗုံးပစ်လောင်ချာတစ်လက် သိမ်းဆည်းရမိ၊ အရပ်သားတစ်ဦးပစ်သတ်ခံရ

ဆိုင်းတောင်အုပ်စု မှော်ရှန်ကျေးရွာရှိ KTV တွင် မွေးနေ့ပွဲသို့ ရောက်ရှိနေသည့် ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ အောက်တိုဘာ ၃ ရက်နေ့က နှစ်ဖက်အပြန်အလှန်...

ဓားဒဏ်ရာဖြင့်သေဆုံးနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့

လည်ပင်းတွင်ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ည ၇ နာရီခန့်က မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ကန့်ဘလူတွင် တစ်အိမ်တစ်ယောက်နှုန်းပျူစောထီးအဖွဲ့ဝင်ရန် လိုက်လံဆော်ဩ

တစ်အိမ်လျှင်တစ်ယောက်နှုန်းဖြင့် ပျူစောထီးတပ်ဖွဲ့သို့ မဝင်မနေရဟုဆိုကာ မိုက်ဖြင့် ကန့်ဘလူမြို့နယ်အတွင်း ယမန်နေ့ည ခုနှစ်နာရီခန့်က ဆော်ဩခဲ့ကြောင်း သိရသည်။

ကန့်ကွက်မှုများရှိသော်လည်း ဗန်းမော်တွင် မနောင်ပွဲကျင်းပပြုလုပ်မည်

ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဗန်းမော်မြို့တွင် နိုဝင်ဘာလအတွင်း ကချင်ရိုးရာမနောင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ်တွင် လုယက်မှုများမကြာခဏဖြစ်ပွားနေ

ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် အုပ်စုဖွဲ့ဓားထောက်လုယက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။

အရက်သောက်ပြီး စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးလည်လှီးသတ်ဖြတ်ခံရ

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦး လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။