The 74 Media

ယင်းမာပင်တွင် ရဲတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး ဒု-ရဲအုပ်တစ်ဦးအပါအဝင် သုံးဦးသေ

ယင်းမာပင်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်တပ်ဖွဲ့များအပြင်ထွက်လာချိန် ယနေ့ နံနက် ၆ နာရီခန့်က ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ပြောက်ကျားတိုက်ခိုက်ရာ ဒုရဲအုပ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အချဉ်ပေါင်းသည်တစ်ဦး ပစ်သတ်ခံရ

ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေကျေးရွာတွင် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က အချဉ်ပေါင်းသည် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။

စစ်ကောင်စီရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးတစ်လုံး စာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးတစ်လုံး ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ဆိုင်းတောင်ကျေးရွာစာသင်ကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် KIO ဝန်ထမ်းအချို့ဖမ်းဆီးခံရ၊ တစ်ဦးပစ်သတ်ခံရဟု သတင်းထွက်ပေါ်

မြစ်ကြီးနားမြို့တွင် ယနေ့ညနေ (၆) နာရီခန့်က KIO အုပ်ချုပ်ရေးအရာရှိအချို့ပစ်ခတ်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားတွင် ကြိုးဆွဲချသေဆုံးသည်ဟုယူဆရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့

မြစ်ကြီးနားမြို့နယ် မန်ခိန်ရပ်ကွက်တွင် ယနေ့ နံနက် ၉ နာရီခန့်က ကြိုးဆွဲချသေဆုံးနေသည်ဟု ယူဆရသည့်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ချိန်းတွေ့နေသူကို ဓားထိုးပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား၊ ကျူးလွန်သူကို ဖမ်းဆီးရမိ

မြစ်ကြီးနား ကချင်စုရပ်ကွက်ရှိ ဧရာဝတီမြစ် ကမ်းအနီးတွင် ယမန်နေ့ ည ၇ နာရီခွဲခန့်က ဓားထိုးလုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရှဒူးဇွပ်ကျေးရွာတွင် KIA စခန်းတစ်ခုကို စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့တိုက်ခိုက်

တနိုင်းမြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးရှိ ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်စခန်းတစ်ခု ယနေ့ နံနက် ၅ နာရီခန့်က တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ဒီပဲယင်းတွင် စစ်ကောင်စီက ဒေသခံတစ်ဦးကို ခေါင်းဖြတ်သတ်၊ ဒေသခံ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်

ဒီပဲယင်းမြို့နယ်၊ လက်တီးကျေးရွာကို ယမန်နေ့ နံနက် ခြောက်နာရီခွဲခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်လာကာ ဒေသခံအမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။

ဆိုင်းတောင်ရဲစခန်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒေသခံ အချို့ဒဏ်ရာရ

ဖားကန့်မြို ဆိုင်းတောင်ကျေးရွာတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က ပစ်ခတ်သံများကြားခဲ့ရပြီး ဒေသခံပြည်သူတို့၏ နေအိမ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ရေခဲချောင်းသည်တစ်ဦး ပစ်သတ်ခံရ၊ ရေခဲချောင်းသည်အဖြစ်ဟန်ဆောင်ထားသော စစ်ကောင်စီသတင်းပေးဟုဆို

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု၊ ကထန်ကျေးရွာတွင် ရေခဲချောင်းသည် အမျိုးသားတစ်ဦး ယမန်နေ့ နေ့လယ် နှစ်နာရီခန့်က သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်းသိရသည်။

ဂါးရာယန်က ရပ်ရွာအခြေပြုဘော်ဒါဆောင် လျှပ်စစ်မီးအခက်အခဲဖြစ်နေ၊ ဖယောင်းတိုင်ပင် မဝယ်နိုင်သော ကျောင်းသားများရှိဟုဆို

ရပ်ရွာအခြေပြုကျောင်းမတီအဖွဲ့ကဦးဆောင်ပြီး ဖွင့်လှစ်ထားသည့် ဝိုင်းမော်မြို့နယ်၊ ဂါးရာယာန်ကျေးရွာရှိ ဘော်ဒါဆောင်တွင် ကျောင်းသား၊ကျောင်းသူများ ညအချိန် စာကြည့်ရန်အတွက် လျှပ်စစ်မီးအကူအညီလိုအပ်နေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မုံရွာမြို့လယ်ခေါင်က ဗိုလ်ကြီးတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အမှတ် – ၂ စစ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဗိုလ်ကြီးတစ်ဦးကို Black Falcon Guerrilla Force ကနေအိမ်အတွင်းဝင်ရောက်...