The 74 Media

မချမ်းဘော့တွင် CDM ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်ကောင်စီတပ်က လက်နောက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီး

ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်၊ နမ်းခမ်းကျေးရွာနေ CDM ကျောင်းအုပ်ဆရာကြီးတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန့်နေ့ည ကိုးနာရီခွဲခန့်က နေအိမ်တွင်လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

စစ်သင်္ဘောပေါ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီး

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ယနေ့ နံနက် ကိုးနာရီခန့်က ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ကြောင်းသိရသည်။

ပုလဲတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံနှစ်ဦးနှင့် PDF တစ်ဦးကို ရက်ရက်စက်စက်သတ်ဖြတ်

သတ်ဖြတ်ခံခဲ့ရသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံနှစ်ဦးတို့၏ ရုပ်အလောင်းများကို ယနေ့နံနက်ပိုင်းက ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာတွင်တွေ့ရှိခဲ့ကြောင်း သိရသည်။

လူသတ်၊ မီးရှို့အပြင် အမွေအနှစ်တွေကိုပါဖျက်ဆီးနေသူတွေဟာ မိစ္ဆာတွေလား

ဆောင်းပါး – ကောင်းထက်မြတ် “ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ အဓိဌာန်ပြုပေ ထိန်းသိမ်းစို့လေ၊ တို့ဘိုးဘွားအမွေအစစ်မို့ ချစ်မြတ်နိုးပေ” နိုင်ငံတော်သီချင်းဖြစ်သည့် ကမ္ဘာမကျေ သီချင်းကို ငယ်စဉ်တောင်ကျေး ကျောင်းနေအရွယ် ကလေးဘဝမှစပြီး...

ဖားကန့်တွင် မူးယစ်ဆေးဝါးရောင်းချသူများကို KIA ဖမ်းဆီး

ဖားကန့်မြို့အတွင်းရှိ အမှိုက်ပုံများအနီး မူးယစ်ဆေးဝါးရောင်းချနေသူများကို ယမန်နေ့ညနေ ၅ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇနီးကို အပိုင်းပိုင်းခုတ်သတ်သည့်ခင်ပွန်း အလုပ်ကြမ်းနှင့်ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

ဖားကန့်မြို့တွင် ဇနီးဖြစ်သူအား အပိုင်းပိုင်းခုတ်သတ်ခဲ့သည့် အမျိုးသားကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တကျွန်းချမှတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီလေတပ် ဦးဆောင်ကျင်းပနေသော အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး ၅ နိုင်ငံသာ တက်ရောက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးကို အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ တက်ရောက်ခဲ့ခြင်းမရှိကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာဖော်ပြချက်အရသိရသည်။

ဖားကန့်တွင် ခိုးမှုကျူးလွန်ခဲ့သူအမျိုးသမီးက ပိုင်ရှင်ကိုသတ်ပစ်မည်ဟုခြိမ်းခြောက်ပြီး ရိုက်နက်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတွင် ယမန်နေ့ည ၇ နာရီခန့်က ပိုက်ဆံအိတ်ခိုးယူသွားသူ အမျိုးသမီးက ပိုင်ရှင်ဖြစ်သူကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ရိုက်နက်ခဲ့ကြောင်း သိရသည်။

ရေမဆေးရှာချိန် ကမ်းပါးပေါ်မှရေကန်အတွင်းပြုတ်ကျသည့်အမျိုးသားကို ရှာမတွေ့သေး

ရေမဆေးကျောက်ရှာနေချိန် ကမ်းပါးပေါ်မှလုပ်ကွက်ဟောင်းရေကန်တွင် ပြုတ်ကျပျောက်ဆုံးနေသည့် အမျိုသားကို လက်ရှိအချိန်ထိ မတွေ့သေးကြောင်း သိရသည်။

စစ်ကြောရေးတွင်သတ်ဖြတ်ခံရသည့် အမျိုးသမီးကို မိသားစုဝင်များကြည့်ရှုခွင့်မရဘဲ စစ်ကောင်စီမီးသင်္ဂြိုဟ်

စစ်ကြောရေးတွင် စစ်ဆေးခံရပြီးနောက် သေဆုံးခဲ့သည့် မိုးကောင်းမြို့ ဇင်ယော်ဆီဆိုင်ပိုင်ရှင် အမျိုးသမီး၏ ရုပ်အလောင်း မိသားစုဝင်များကို ကြည့်ရှုခွင့်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

ရပ်ကွက်နေပြည်သူများကန့်ကွက်သော်လည်း ပ.လ.န ရပ်ကွက်ရှိလောင်းကစားရုံကို ပိတ်သိမ်းခြင်းမရှိသေး

ရပ်ကွက်နေပြည်သူများစုပေါင်းလက်မှတ်ရေးထိုးပြီး ကန့်ကွက်ခဲ့သည့် မြစ်ကြီးနားမြို့ ပ.လ.န ရပ်ကွက်ရှိ လောင်းကစားရုံကို နှစ်လကျော်ကြာသည်အထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။