The 74 Media

ဖားကန့်တွင် စစ်ကောင်စီသွားလာသည့်နေရာအနီး မိုင်းတစ်လုံးတွေ့

ဖားကန့်မြို့ ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့က မိုင်းဟုယူဆရသော ပလပ်စတစ်အိတ်အမဲဖြင့် ထုပ်ပိုးထားသော အထုပ်တစ်ထုပ်ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် အုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိသေနတ်သမားများ သတ်ဖြတ်

ဖားကန့်မြို့နယ် စပျစ်ကူးကျေးရွာအုပ်ချုပ်ရေးမှူးကို ယမန်နေ့ ည ၇ နာရီခန့် အမည်မသိအမျိုးသားလေးဦးက လာရောက်ခေါ်ဆောင်သွားပြီး ပစ်သတ်သွားကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆယ်ဒေသခံသုံးဦးသေပြီး သုံးဦးထိခိုက်ဒဏ်ရာရ

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေချိန် ယနေ့ နံနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် မူဆယ်မြို့နယ်မှ ဒေသခံသုံးဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

စစ်ကောင်စီကို မိုင်းခွဲတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် မတော်တဆဖြစ်ပြီး တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံး

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရန် မိုင်းထောင်နေစဉ် မတော်တဆပေါက်ကွဲခဲ့သောကြောင့် ယမန်နေ့ နံနက် ၆ နာရီခန့်က ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

SNA တပ်ဖွဲ့ဝင်ဟုယူဆရသူများက အရပ်သား (၅) ဦးကို သတ်ဖြတ်

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်ဟုယူဆရသူများက အရပ်သား (၅) ဦးကို ဓားဖြင့်ထိုးသတ်နေသည့် ရုပ်သံဖိုင်တစ်ခုကို The 74 Media က ရရှိထားသည်။

ဖားကန့်တွင် မီးလောင်ပြီး အိမ်နှစ်လုံးပျက်စီးဆုံးရှုံး

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုတွင် ယမန်နေ့ည ၉ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှစ်လုံးပြာကျခဲ့ကြောင်း သိရသည်။

ဝိုင်းမော်တွင် စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပြည်သူသုံးဦးကို ပစ်ခတ်၊ တစ်ဦး ထိမှန်

ဝိုင်းမော်မြို့နယ် အောင်မြေ (၁)ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ဒေသအခေါ် လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ဆိုင်ကယ်စီးနင်းလာသော လမ်းသွားလမ်းလာ အမျိုးသားသုံးဦးကို ယမန်နေ့ ည ၇နာရီခွဲအချိန်က ပစ်ခတ်ခဲ့သောကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ နမ်ဆန်ယန်ကျေးရွာကို ယမန့်နေ ည ၁၀ နာရီခွဲခန့်က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ‌

ဖားကန့်တွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို KIA တိုက်ခိုက်ပြီး လက်နက်အချို့သိမ်းဆည်းရမိ၊ KPDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာရှိ ပန်းတင်တံတားအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းတစ်ခု ယနေ့ နံနက် ၁ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းမာပင်တွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ၁၇ ဦးကို စစ်ကောင်စီသတ်ဖြတ်

ယင်းမာပင်မြို့နယ်တွင် ယနေ့ နံနက် ၇ နာရီခွဲခန့်က ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ စုစုပေါင်း ၁၇ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်က ဒေသခံများ၏နေအိမ် မီးရှို့ဖျက်ဆီး

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်း ရွှေကူမြို့အနောက်ဘက် ဧရာဝတီမြစ် တစ်ဖက်ကမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီအတွက် ပိုက်ဆံကောက်ပေးသည့် ထမင်းဆိုင်ပိုင်ရှင်တစ်ဦး ပစ်ခတ်ခံရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ထိုင်ကာ ငွေကြေးကောက်ခံလျက်ရှိသော ထမင်းဆိုင်မှ ပိုင်ရှင်တစ်ဦး ယနေ့ မွန်းလွှဲ ၂ နာရီခန့်က နမ္မတီးမြို့တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်းသိရသည်။