The 74 Media

ပူတာအိုခရိုင်ရှိ ကျေးရွာချင်းဆက်တံတားများကျိုးကျသဖြင့် ဒေသခံပြည်သူများ သွားလာရေး ခက်ခဲနေ

ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာချင်းဆက်သွယ်ထားသောတံတားများ ကျိုးကျပျက်စီးခဲ့သော်လည်း ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်နှင့် KIA တပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီး ယနေ့ နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်တွင် အမျိုးသမီးတစ်ဦး ရိုက်နှက်ပစ်သတ်ခံရ

မူဆယ်မြို့၊ စက်မှုရပ်ကွက်အနီးတွင် ယမန်နေ့ည ၁၀ နာရီခန့်က စိုက်ပျိုးရေးခြံလုပ်ကိုင်နေသော အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်လာနိုင်ချေရှိသဖြင့် မင်းတပ် – ဆော လမ်းမကြီးကို သွားလာခွင့်ပိတ်ပင်၊ ပြည်သူများလိုက်နာရန် CDF – Mindat ပန်ကြား

စစ်ကောင်စီတပ်နှင့် Chin Defence Force – Mindat တို့အကြား တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် မင်းတပ် – ကံကြီး – ဆော လမ်းမကြီးအား သွားလာခွင့်ပိတ်ပင်လိုက်ကြောင်း...

စစ်ကောင်စီစစ်ကြောင်းက ရွာမီးရှို့သဖြင့် ခင်ဦးဒေသခံတစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်

ခင်ဦးမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းက ဝါးရုံကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့သဖြင့် ဒေသခံပြည်သူတစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီပူးပေါင်းဂိတ်ကို KIA တိုက်ခိုက်၊ ခြုံရှင်းနေသည့် ပြည်သူတစ်ဦးသေဆုံး

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ဖားကန့်မြို့နယ် ကာမိုင်း – လဝါးလမ်းဆုံတွင် ယမန်နေ့ နံနက် ၁၀ နာရီခန့်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

ရွှေကူရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသည်ဟုဆို

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များ အခြေစိုက်ထားသည့် ရွှေကူရဲစခန်းကို ယမန်နေ့ မွန်းလွဲ သုံးနာရီခန့်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးပြီး ခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီတွင် တစ်ဦးသေပြီး အချို့ဒဏ်ရာရ

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကရင်နီ – ထိုင်းနယ်စပ် မယ်စဲ့မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်ခုကို ယနေ့နံနက် ၁ နာရီခန့်က လေကြောင်းမှတိုက်ခိုက်ခဲ့သဖြင့် ပြည်သူတစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားစဉ်ပျောက်ဆုံးသွားသည့် ဒေသခံနှစ်ဦးကို ပြန်မတွေ့သဖြင့် နာရေးပြုလုပ်ရန်ပြင်ဆင်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီ၊ လီဆူပြည်သူ့စစ်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့စဉ် ပျောက်ဆုံးခဲ့သော ပြည်သူနှစ်ဦးကို နှစ်ပါတ်ကြာသည်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသောကြောင့် နာရေးပြုလုပ်ရန်ပြင်ဆင်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရေးမြို့နယ်ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရေဦးမြို့နယ် ရေမျက်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို ယနေ့ နံနက် ၉ နာရီခွဲခန့်က တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများကြောင့် လမ်းဘေးအမှိုက်ပုံပိုကြီးလာပြီး ဒေသခံများ အခက်တွေ့နေ

စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များနှင့် စည်ပင်အမှိုက်ကားများ လာပစ်သည့်အမှိုက်များကြောင့် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုရှိ ကျေးရွာများအတွင်း အမှိုက်ပုံများပိုမိုကြီးမားလာပြီး လမ်းပေါ်အထိရောက်လာကြောင်း သိရသည်။