The 74 Media

နေအိမ်မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ဝက်လက်ဒေသခံများ အကူအညီလိုအပ်နေ

ဒေသခံပြည်သူတို့၏ နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော ဝက်လက်မြို့နယ်မှဒေသခံပြည်များ ဆေးဝါးနှင့် မိုးကာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

ဖားကန့်မြို့ရှိ လောင်းကစားရုံတွင် လူသတ်ဓားပြတိုက်မှုဖြစ်ပွား၊ ငွေကျပ် သိန်း ၂၀၀ ခန့် လုယူခံရသည်ဟုဆို

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ လောင်ကစားရုံတွင် ယနေ့ နံနက် ၃ နာရီခန့်က လူသတ်ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို ဧရာဝတီမြစ်တွင် တွေ့ရှိ

မြစ်ကြီးနားမြို့နယ် ညောင်ပင်သာကျေးရွာအနီးရှိ ဧရာဝတီမြစ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ဝင်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့တွင်လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအချို့ထွက်ပြေးတိမ်းရှောင်

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ အပြန်လှန်ပစ်ခတ်သည့် လက်နက်ကြီး ယမန်နေ့က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် KTV ပိုင်ရှင်၏နေအိမ်ကို စစ်ကောင်စီဝင်ရောက်စီးနင်း

မြစ်ကြီးနားလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည့် ဖားကန့်မြို့ Sky KTV ပိုင်ရှင် ဦးအိုင်ရီ၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

လီဒိုလမ်းပျက်စီးသဖြင့် ဒေသခံများအခက်တွေ့နေ၊ လမ်းကြံ့ခိုင်မှုအတွက်လိုအပ်သည့် သံထည်များခိုးယူခံနေရသည်ဟုဆို

လမ်းဆောက်လုပ်ရာတွင် အသုံးပြုထားသော သံထည်ပစ္စည်း တူးဖော်ခိုးယူမှု များပြားလာသောကြောင့် လီဒိုလမ်းမ တနိုင်း – ရှင်ဗွေယန်လမ်းတစ်လျှောက်ရှိ လမ်းပိုင်းအချို့နေရာများတွင် မိုးရွာသွန်းချိန် မြေပြိုမှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ဖားကန့်ရှိ KTV ပိုင်ရှင်တစ်ဦး မြစ်ကြီးနားမြို့တွင် ဖမ်းဆီးခံရ

ဖားကန့်မြို့နယ်မှ KTV ပိုင်ရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ နေ့လယ် ၂ နာရီခန့်က လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ပူတာအိုခရိုင်ရှိ ကျေးရွာချင်းဆက်တံတားများကျိုးကျသဖြင့် ဒေသခံပြည်သူများ သွားလာရေး ခက်ခဲနေ

ပူတာအိုခရိုင်အတွင်းရှိ ကျေးရွာချင်းဆက်သွယ်ထားသောတံတားများ ကျိုးကျပျက်စီးခဲ့သော်လည်း ပြန်လည်ပြုပြင်နိုင်ခြင်း မရှိသေးသောကြောင့် ဒေသခံပြည်သူများ သွားရေးလာရေးခက်ခဲနေကြောင်း သိရသည်။

ဒေါ့ဖုန်းယန်မြို့အနီး စစ်ကောင်စီတပ်နှင့် KIA တပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီး ယနေ့ နံနက် ၅ နာရီခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူဆယ်တွင် အမျိုးသမီးတစ်ဦး ရိုက်နှက်ပစ်သတ်ခံရ

မူဆယ်မြို့၊ စက်မှုရပ်ကွက်အနီးတွင် ယမန်နေ့ည ၁၀ နာရီခန့်က စိုက်ပျိုးရေးခြံလုပ်ကိုင်နေသော အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်လာနိုင်ချေရှိသဖြင့် မင်းတပ် – ဆော လမ်းမကြီးကို သွားလာခွင့်ပိတ်ပင်၊ ပြည်သူများလိုက်နာရန် CDF – Mindat ပန်ကြား

စစ်ကောင်စီတပ်နှင့် Chin Defence Force – Mindat တို့အကြား တိုက်ပွဲပြင်းထန်လာနိုင်သောကြောင့် မင်းတပ် – ကံကြီး – ဆော လမ်းမကြီးအား သွားလာခွင့်ပိတ်ပင်လိုက်ကြောင်း...