The 74 Media

မြစ်ကြီးနား နန်းကွေ့ချောင်းတွင် မိန်းကလေးတစ်ဦး ရေနစ်သေဆုံး

မြစ်ကြီးနားမြို့ နန်းကွေ့ချောင်းတွင် ရေနစ်သေဆုံးခဲ့သည့် မိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် ဟိုတယ်နှင့်ကေတီဗီ ပိုင်ရှင် အမျိုးသမီး ပစ်သတ်ခံရ

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာမှ ရှင်းရင် ဟိုတယ်နှင့်ကေတီဗီပိုင်ရှင်ဖြစ်သူ အမျိုးသမီးကို အမည်မသိလူတစ်စုက ခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့မှု ယမန်နေ့ ညက ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ရှဒူးဇွပ်ကျေးရွာရှိ ပြည်သူ့စစ်စခန်းအချို့ကို KIA တိုက်ခိုက်

ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်နေအိမ်နှင့် တပ်စခန်းသုံးခုကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ယနေ့ နံနက် ၄ နာရီခွဲ့ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးများရှိကြောင်း သိရသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပိတ်ထားသဖြင့် ပိုဝေးသည့်လမ်းမှ သွားနေရပြီး ကားခနှစ်ခခန့်မြင့်တက်

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်း သွားလာခွင့်ပိတ်ထားရပြီး ပိုဝေးသည့်လမ်းမှသွားလာနေရသဖြင့် ယာဉ်စီးခနှုန်းထား နှစ်ဆခန့် မြင့်တက်လာကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဝက်လက်မြို့နယ် သမရိုးကျေးရွာမှ ပြည်သူခုနှစ်ဦး

စစ်ကောင်စီစစ်ကြောင်က ယမန်နေ့ နံနက် ၆ နာရီခန့်က ဝက်လက်မြို့နယ် သမရိုးကျေးရွာမှ ရွှေပန်းကုန်းကျေးရွာသို့ ထော်လာဂျီဖြင့် ဈေးရောင်းရန်လာသည့် ပြည်သူခုနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ သတင်းအပြည့်အစုံကို The 74...

ဒရုန်းဖြင့်တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံများ၏နေအိမ် မီးရှို့ဖျက်ဆီး

ဒေသခံပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထားသော စစ်ကောင်စီစစ်ကြောင်း ပစ်ခတ်တိုက်ခံရသဖြင့် ကသာမြို့နယ် ချောင်းဝကျေးရွာရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီး

ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ဆားလင်းကြီးမြို့နယ်သို့စစ်ကူလာသည့် အင်အား ၆၀ ခန့်ပါရှိသော စစ်ကောင်စီမော်တော်ယာဉ်တစ်စင်း ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

မြစ်ကြီးနားတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ကျောင်းသူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရ

ကားနှင့်ဆိုင်ကယ်ယာဉ်တိုက်မှုကြောင့် ယနေ့ နံနက် ၆ နာရီခွဲခန့်က မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ကျောင်းသူတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ဆားလင်းကြီးဒေသခံများထွက်ပြေးနေရပြီး မပြေးနိုင်သူအချို့ အစာပြတ်လပ်သေဆုံးမှုရှိနေ

စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသဖြင့် ဆားလင်းကြီးမြို့နယ် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးမရှောင်နိုင်သည့် သက်ကြီးရွယ်အိုအချို့ အစာရေစာပြတ်လပ်ကာ သေဆုံးမှုများရှိနေကြောင်း သိရသည်။

တနိုင်းတွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားသောကြောင့် ဒေသခံပြည်သူများအခက်တွေ့

စစ်ကောင်စီတပ်က တစ်လခန့်ကြာ လမ်းပိတ်ထားသောကြောင့် ရှင်ဗွေယန်မြို့နယ်ခွဲရှိ ကျေးရွာအချို့မှ ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။

ဝိုင်းမော်တွင် ပိုင်ရှင်မဲ့အမျိုးသားအလောင်းတစ်လောင်းတွေ့

အမျိုးသားတစ်ဦးသေဆုံးနေသည့် ရုပ်အလောင်း ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်အနီးတွင် ယမန်နေ့ ညနေ ၅ နာရီခန့်က တွေ့ရှိခဲ့ကြောင်း သိရသည်။