The 74 Media

ဖားကန့်တွင် စစ်ကောင်စီတပ်က နေအိမ်တစ်လုံးကိုမီးရှို့၊ ကျန်တစ်လုံးကိုဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှ နေအိမ်နှစ်လုံးကို ဝင်ရောက်ဖျက်ဆီးသွားကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းက သုံးရက်အတွင်း ခင်ဦးမြို့နယ်မှ နေအိမ် ၄၀၀ ထက်မနည်း မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် နေအိမ်စုစုပေါင်း ၄၀၀ ထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တောင်ပိုင်းတွင် ကောလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ဆယ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်တွင်ပြန်ပေးဆွဲသည့်အဖွဲ့ကို နှစ်ရက်အတွင်း ဖမ်းဆီးရမိ

ကွတ်ခိုင်မြို့အတွင်း ပြန်ပေးဆွဲမှုကျူးလွန်ခဲ့သည့်အဖွဲ့ကို ကောင်းခါးမြို့တွင် ယနေ့နေ့လယ် ၅နာရီခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသူ သတ်ဖြတ်ခံရ၊ ဦးခေါင်းပွင့်နေပြီး လက်ဖြတ်ခံထားရဟုဆို

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော လယ်ခြားကျေးရွာတွင် အမျိုးသားတစ်ဦး လက်နောက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ယမန်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဗုံးကြဲသဖြင့် CNA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

စစ်ကောင်စီတပ်စွဲထားသည့် ကင်းစခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ည ၈ နာရီခွဲခန့်က သွားရောက်တိုက်ခိုက်ချိန် လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ချင်းအမျိုးသားတပ်ဦး (CNA) တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။ ဟားခါးမြို့နှင့်...

ကန့်ဘလူစစ်‌ရှောင်များအတွက် မြွေဆိပ်ဖြေဆေး အရေးပေါ်လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ စစ်ရှောင်ဒုက္ခသည်များသည် မြေပွေးကိုက်ခံရသောကြောင့် သေဆုံးသူများ ရှိနေသည့်အတွက် မြွေဆိပ်ဖြေဆေးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် နေအိမ်တစ်လုံးမီးလောင်

ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် လူသားဒိုင်းကာအဖြစ် ဖမ်းခံရသူများထဲမှ အချို့ပြန်လွတ်၊ ကချင်အများစုပြန်မလွတ်သေးဟုဆို

စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းကာအဖြစ်ဖမ်းဆီးသွားသည့် ဖားကန့်မြို့နယ် မှော်ပုံကျေးရွာ ဒေသခံများမှ ၅၀ ခန့် ယနေ့နံနက် ၉ နာရီခန့် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

မိုးဗြဲမြို့ပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး၊ နှစ်ဦး အရှင်ဖမ်းမိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောနေရာကို ယမန်နေ့ နံနက် ခြောက်နာရီခန့်က ကရင်နီပူးပေါင်းတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ

PDF နှင့်ချိတ်ဆက်မှုရှိသည်ဟုဆိုကာ ကန့်ဘလူမြို့နယ်မှ ဒေသခံများကို ထောင်ဒဏ် ငါးနှစ်စီချမှတ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF များနှင့် ချိတ်ဆက်မှုရှိသည်ဟုဆိုကာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှ ဒေသခံအမျိုးသားလေးဦးကို ယမန်နေ့က ထောင်ဒဏ် ငါးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ကန့်ဘလူမြို့နယ်၊ အင်းလယ်ကြီးကျေးရွာမှ ကိုထက်ပိုင်(ခ)...