The 74 Media

စစ်ကောင်စီက PDF ကဲ့သို့ အယောင်ဆောင်ကာ တရားမဝင်ငွေကြေးကောက်ခံနေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) အယောင်ဆောင်ပြီး ခရီးသွားပြည်သူများကို တရားမဝင်ငွေကြေးကောက်ခံခြင်းနှင့် ဖုန်း၊ ဆိုင်ကယ် စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း သိရသည်

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲ

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့ နံနက် ခြောက်နာရီခန့်မှစတင်ကာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းက ဓါးစာခံအရပ်သားသုံးဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးလာခဲ့သော ဓါးစာခံ အရပ်သားသုံးဦး ယမန်နေ့နံနက် တစ်နာရီခွဲခန့်က သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်း ချင်းနှင့်မကွေးအစပ်တွင် ခြုံခိုတိုက်ခိုက်ခံရသောကြောင့် ၇ဦးသေဆုံးဟုဆို

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်တွင် ယမန်နေ့ ညနေ လေးနာရီခန့်က စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ပူးပေါင်းကာ ခြုံတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးသေဆုံးပြီး လက်နက်အချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မော်လူးမြို့အနီးတွင် စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ထားသည့် အရပ်သားပြည်သူ ၅ ဦး၏ ရုပ်အလောင်းတွေ့

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် အရပ်သားအမျိုးသားငါးဦး၏ ရုပ်အလောင်းများကို ယမန်နေ့က အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးတွင် တွေ့ရှိခဲ့ကြောင်းသိရသည်။

ဖယ်ခုံတိုက်ပွဲအတွင်း ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးဟုဆို

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ယမန်နေ့က တစ်နေကုန်နီးပါး ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီး (၂) နှစ်အတွင်း တော်လှန်ရေးတွင်ပါဝင်သူ ၆၀၀ ကျော်၏ ပိုင်ဆိုင်မှုများကို စစ်ကောင်စီချိတ်ပိတ်သိမ်းဆည်းခဲ့‌ကြောင်း AAPP ထုတ်ပြန်

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က ချိတ်ပိတ်သိမ်းဆည်းခဲ့သည့်ထဲတွင် လွတ်တော်အမတ်များအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်သက်ဆိုင်သူများ၏ ပိုင်ဆိုင်မှု အများဆုံး ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ယနေ့ ထုတ်ပြန်ချက်အရသိရသည်။

မုံရွာတွင် စစ်ကောင်စီစစ်ဆေးရးဂိတ်တိုက်ခိုက်ခံရ၊ စစ်ကောင်စီနှစ်ဦးသေဆုံးသည်ဟုဆို

စစ်ကိုင်းတိုင်း မုံရွာမြို့တောင်ဘက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ နေ့လယ် နှစ်နာရီခန့်တွင် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆားလင်းကြီးမြို့နယ်မှ ပြည်သူတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှ ပြည်သူတစ်ဦး ယနေ့ နံနက် ခုနှစ်နာရီခန့်က စစ်ကောင်စီစစ်ကြောင်း၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။

အရပ်သားပြည်သူကိုးယောက် သတ်ဖြတ်ခံရသည့် သုံးလပြည့် အောက်မေ့သတိရဆုတောင်းပွဲ

ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စု၊ မဂေါင်းတောင်ကျေးရွာတွင် အရပ်သားပြည်သူကိုးယောက် သတ်ဖြတ်ခံရသည့် သုံးလပြည့် အောက်မေ့သတိရဆုတောင်းပွဲကို ယနေ့ နေ့လယ် တစ်နာရီခန့်က နမ္မတီးမြို့၊ လမ်းခွကျေးရွာတွင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းက အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ဖြတ်ပြီး လိင်အင်္ဂါကိုဖြတ်ကာ ပါးစပ်အတွင်း ထိုးသွင်းထားခဲ့မှု ယမန်နေ့ နေ့လယ် နှစ်နာရီခန့်က စစ်ကိုင်းမြို့နယ် အနောက်ဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထီးချိုင့်တိုက်ပွဲတွင် ဗျူဟာမှူးအပါအဝင် စစ်ကောင်စီအများအပြား သေဆုံးဟု ထွက်ပြေးလွတ်မြောက်လာသူပြော

ထီးချိုင့်မြို့နယ်၊ ဖုန်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ထီးချိုင့်မြို့နယ်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား သုံးရက်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။