News

မြစ်ကြီးနားမြို့ နမ်ကျင်ကျေးရွာတွင် သေနတ်သံနှင့် ဗုံးကွဲသံများကြားရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နမ်ကျင်ကျေးရွာတွင် ယနေ့နံနက်က သေနတ်သံနှင့် ဗုံးကွဲသံများကြားရသည်ဟု သိရသည်။ နမ်ကျင်ကျေးရွာတွင် ယနေ့နံနက် ၇ နာရီခန့်မှစတင်ကာ သေနတ်သံများကြားရသည်အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

ဖားကန့်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း လူစုနေစဉ် ဖြိုခွင်းခံရ

ဖားကန့် မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အေးမြသာယာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့သည်ဟု သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးခဲ့သည့် မြစ်ကြီးနားမှသူရဲကောင်း ဦးကိုကို‌ေလး(ခ)ဦးချိုတာနှင့် မောင်ဇင်မင်းထက် (ခ) ဖိုးလုံး တို့နှစ်ဦး၏ တစ်လပြည့် လှုပ်ရှားမှု ယနေ့နံနက် ဧပြီ ၈ ရက်နေ့ နမ္မတီးမြို့တွင် ပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်နေ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ညနေ ၉ နာရီခွဲခန့်မှ စတင်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်နေကြောင်း သိရသည်။

ဝန်ကြီးဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေဖြင့် တရားစွဲထား

ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။