News

ရမ်ပူသပိတ်ဖြိုခွဲစဥ် ဆန္ဒပြပြည်သူအချို့ ရာဘာကျည်ဆံထိမှန်၊ အချို့ဖမ်းဆီးခံရ

ယနေ့ မတ်လ ၃၀ ရက်နေ့တွင် သပိတ်ဖြိုခွင်းစဥ် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီးဖြစ်​ပြီး ဒဏ်ရာရသူနှင့် အဖမ်းခံရသူစာရင်းကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်းမြို့ရဲ့“လိုသူယူ ပိုသူလှူ” ရွှေ့လျားစျေးဆိုင်အလှူ

ယနေ့ ကချင်ပြည်နယ် မိုးကောင်းမြို့တွင် “လိုသူယူ ပိုသူလှူ” ခေါင်းစဥ်ဖြင့် ရွှေ့လျားစျေးဆိုင်အလှူပြုလုပ်ခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် SAVE MYANMAR ဟူသည့်စာသားဖြင့် လူငယ်များ ဖယောင်းတိုင်မီးထွန်းကာ ဆုတောင်းမှုပြုလုပ်

မြစ်ကြီးနားမြို့တွင် ငြိမ်းချမ်းရေးရရှိနိုင်ရေးအတွက် SAVE MYANMAR ဟူသည့်စာသားဖြင့် လူငယ်များ ဖယောင်းတိုင်မီးထွန်းကာ ဆုတောင်းမှုပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရမ်ပူတွင်နေအိမ်တစ်လုံးမီးလောင်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့သည်ဟုဆို

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ နေအိမ်တစ်လုံး ယနေ့နေ့လယ် တစ်နာရီခွဲခန့်က မီးရှို့ခံရသည်ဟု သိရသည်။

ဖားကန့်မြို့နယ်၊တာမခန်မြို့သစ် အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်

ဖားကန့်မြို့နယ်၊တာမခန်မြို့သစ် အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရာတွင် အသက်အရွယ်မျိုးစုံ လူမျိုးစုံ ပါဝင်ကြောင်း သိရသည်။

ရပ်ပူရပ်ကွက်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် တစ်ဦးကျဆုံး

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွငိ ယနေ့နေ့လယ်က ဆန္ဒပြနေသည့်ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် နှစ်ဦးကျည်ဆံထိမှန်ပြီး တစ်ဦးကျဆုံးခဲ့သည်။

ကာမိုင်းမြို့မှ သင်တန်းတက်သည့် ဆရာ၊ ဆရာမများ အရပ်ဝတ်ဖြင့် သင်တန်းနေရာသို့ လာရောက်

ဖားကန့်မြို့နယ်၊ကာမိုင်းမြို့တွင် ဆရာ၊ ဆရာမများ အရပ်ဝတ်ဖြင့် သင်တန်းနေရာသို့ လာရောက်နေကြောင်း သိရသည်။  

ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စာယန်ကျေးရွာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ၊ အိမ်ခြေ ၁၄၀ ခန့် ထွက်ပြေးတိမ်းရှောင်

မိုးကောင်းမြို့နယ် ဒွမ်ဘန်ကျေးရွာနှင့် ခွမ်စာယန်ကျေးရွာအကြား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်ဖွဲ့များက ယနေ့နံနက် ၁၀ နာရီခန့်တွင် ခြုံခိုတိုက်ခိုက်ခဲ့ကြသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။