News

ဖားကန့်ရဲစခန်းရှေ့ ဆိုင်ကယ်ဖြတ်မောင်းသူ တစ်ဦးအား ရဲမှ သေနတ်နှင့်ပစ်ခတ်

ဖားကန့်မြို့တွင် ယနေ့ည (၈) နာရီခွဲအချိန်၌ ဖားကန့်မြို့မ ရဲစခန်းရှေ့တွင် ဖြတ်သန်းသွားလာသူ တစ်ဦးကို ရဲက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ညာဘက်လက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု သိရသည်...

ရန်ကုန်မှအလှူရှင်များက စစ်​ရှောင်များအတွက် စား​သောက်ကုန်များ​ထောက်ပံ့

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်ရှောင်စခန်းများအတွက် ရန်ကုန်မြို့ မှ အလှုရှင်များ၏ အလှူများကို ယနေ့ မတ်လ ၁၉ ရက်နေ့တွင် သွား​ရောက် လှူဒါန်းပေးခဲ့ကြောင်း သွားရောက်လှူဒါန်းပေးခဲ့သူများထံမှ သိရသည်။

မော်တော်ယာဥ်တစ်စီး လမ်းလည်ကျွန်းကို ဝင်တိုက်

မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် မိုင်တဲကွေ့ တွင် မတ်လ ၁၉ရက်​နေ့၊ ည၈နာရီခွဲအချိန်ခန့်က အသက်၃၀ခန့် အရွယ် အမျိုးသားတစ်ဦးမောင်းနှင်လာသော crown​မော်​တော်ယာဥ်သည် လမ်းဘေးပလက်ဖောင်းဝင်တိုက်မှုဖြစ်ပွားခဲ့​သော်လည်း ထိခိုက်ဒဏ်ရာရမရရှိ​ကြောင်းသိရသည်။  

မြစ်ကြီးနားမြို့၊ လမ်းဆုံများရှိ ယာဥ်ထိန်းရဲနား​နေ​ဆောင်များနှင့် ဓါတ်တိုင်များတွင် မတ်လ ၁၉ရက်​နေ့ ညပိုင်းက KIA ကို ​ထောက်ခံ​ကြောင်း၊ R2P ကိုကြိုဆို​ကြောင်း စာသားများကပ်ထားသည်ကို​တွေ့ရသည်။

မိုးညှင်းမြို့ ဆန္ဒပြပွဲများတွင် ဦးဆောင်သူဟုဆို​ကာ ပြည်သူ (၃၂)ဦး ဖမ်းဝရမ်းထုတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလ လဆန်းပိုင်းမှစတင်ပြီး ယနေ့အထိ လှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ဦးဆောင်သူများဟုဆို​ကာ ပြည်သူ (၃၂)ဦးသည် ဖမ်းဝရမ်းထုတ်ထားခံရ​ကြောင်းသိရသည်။

မတ်လ ၁၉ ရက်နေ့ ည 7 နာရီခန့်က မြစ်ကြီးနားမြို့နယ်ရှိ အထက်တန်း‌ေကျာင်း ကျောင်းအုပ်များ စွမ်းရည်မြင့်သင်တန်း တက်ရောက်သောကြောင့် ဆရာကြီး၊ ဆရာမကြီးများအား လူမှုရေးပစ်ဒဏ်ပေးကြောင်း ပုံများကိုလာရောက်ကပ်ထားသည်ကိုတွေ့ရ