News

ပါဂျောင်စက်ရုံ မှ စက်(၂)လုံး Cooling System ပိုင်း သန့်ရှင်းရေးပြုလုပ်နေပါသဖြင့် ယနေ့ (မတ်လ ၁၅ ရက်) နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအထိ အောက်ဖော်ပြပါရပ်ကွက်များတွင် မီး ခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်းက အသိပေးထားသည်။

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် မိုဘိုင်းလ်ဖုန်းအင်တာနက်ဖြတ်တောက်ထား

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ယနေ့နံနက်မှ စတင်ကာ မိုဘိုင်းလ်ဖုန်းအင်တာနက်များ ဖြတ်တောက်ထားသည်ဟု သိရသည်။

မြစ်ကြီးနားမြို့တွင် လူမဲ့သပိတ်ပြုလုပ်ထားသော်လည်း စစ်ကောင်စီအားပေးသူများ ပြန်ဖြုတ်သွား

မြစ်ကြီးနားမြို့တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလူမဲ့သပိတ်ပြုလုပ်ခဲ့သော်လည်း နာရီပိုင်းအကြာတွင် စစ်ကောင်စီအားပေးသူများက ဖြုတ်ယူသွားသည်ဟု သိရသည်။  

တနိုင်းမြို့နယ် ရှဒူးဇွပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA တိုက်ပွဲဖြစ်

တနိုင်းမြို့နယ် ရှဒူးဇွပ် ကျေးရွာတွင် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တပ်ဖွဲ့ဝင်များ မတ်လ ၁၅ ရက်နံနက်အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။