News

စစ်ကောင်စီက ခြောက်လ သက်တမ်းထပ်တိုး၊ ခြောက်ကြိမ်မြောက် သက်တမ်းထပ်တိုးခြင်းဖြစ်

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကာလုံအစည်းအဝေးကျင်းပကာ ယခင်ကအတိုင်း အာဏာသိမ်းကာလ ၆ လ သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီဝါဒဖြန်သတင်းဌာနများမှတစ်ဆင့် ကြေညာလိုက်သည်။

ကန့်ဘလူတွင် စစ်ကောင်စီပူးပေါင်းစခန်းတိုက်ခိုက်ခံရပြီး ပျူစောထီး ခြောက်ဦးသေဆုံးဟုဆို

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့ညနေ သုံးနာရီခွဲခန့်က ကန့်ဘလူမြို့နယ်၊ ကျီးကုန်းကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ ပျူစောထီး ခြောက်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မိုးမောက် ခ.မ.ရ(၄၃၇) ကို သိမ်းပိုက်ခြင်းမရှိသေး၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

မိုးမောက်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခ.မ.ရ (၄၃၇) တပ်စခန်းကို သိမ်းပိုက်ခြင်းမရှိသေးဘဲ စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံထံမှသိရသည်။

လားရှိုး ရမခကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း MNDAA ထုတ်ပြန်ကြေညာ

လားရှိုးမြို့အခြေစိုက် စစ်ကောင်စီတပ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ယနေ့ နံနက် ၄ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ကိုးကန့် (MNDAA) က သတင်းထုတ်ပြန်လိုက်သည်။

မိုးမောက်မြို့အနီးရှိ ခ.မ.ရ (၄၃၇) ကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေ

KIA ပူးပေါင်းတပ်က ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ ခ.မ.ရ (၄၃၇) ကို ယနေ့ နံနက် ၈ နာရီခန့်မှစတင်ကာ သွားရောက်တိုက်ခိုက်နေကြောင်း သိရသည်။

ရေကြီးရေလျှံမှုကြောင့်ပျက်စီးသွားသော မြစ်ကြီးနား-ပူတာအိုလမ်းပိုင်း ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်ဦးမည်ဟုဆို

မြစ်ကြီးနား – ပူတာအိုလမ်းပိုင်းရှိ မြေပြိုထားသောနေရာများတွင် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိသေးသည့်အပြင် ထပ်ပြိုသောနေရာများလည်းရှိသောကြောင့် ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ရန် အချိန်ကြာမြင့်ဦးမည်ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စစ်ကောင်စီရုံးအချို့ အနီးတစ်ဝိုက်တွင် ဖုန်းလိုင်းရ၊ မြို့ခံများသွားရောက်မှုကြောင့် ကားလမ်းပိတ်ဆို့မှုများရှိဟုဆို

မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးအချို့အနီးတွင် MPT ဖုန်းလိုင်းရရှိနေသောကြောင့် ဒေသခံပြည်သူများက ထိုနေရာများတွင် သွားရောက်အသုံးပြုနေကြောင်း သိရသည်။

စစ်ကောင်စီဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် ၃၀၀ ကျော် လက်နက်ချအညံ့ခံကြောင်း MNDAA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ စစ်ကောင်စီ ဒု-ဗိုလ်မှူးကြီးနှင့် ဗိုလ်မှူးအဆင့်ရှိသူများအပါအဝင် တပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA တပ်ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း ယနေ့ညနေတွင် ရုပ်သံဖိုင်နှင့်တကွ သတင်းထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးရန်ဟုဆိုကာ ပြန်လည်ဖမ်းဆီးထိန်းသိမ်းခဲ့သည့် သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ယင်းမာပင်တွင် စစ်ကောင်စီတပ် ချုုံခိုတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အချို့သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံး

ပတ်ကင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ ယနေ့ နံနက် ခြောက်နာရီခွဲခန့်က ယင်းမာပင်မြို့နယ်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ဆေးခွင့်ယူထားသည့်ယာယီသမ္မတ တာဝန်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်းကြေညာ

ခြောက်လသက်တမ်းတိုးထားသည့် အရေးပေါ်ကာလသက်တမ်းကုန်ဆုံးရန် ၉ ရက်အလိုတွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံလွှဲအပ်ကြောင်း စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းမီဒီယာများမှတစ်ဆင့် ယနေ့ညတွင် သတင်းထုတ်ပြန်ခဲ့သည်။

၁၀၂၇ ဒုတိယပိုင်းစတင်ခဲ့သည့် သုံးပတ်သာတိုက်ပွဲအတွင်း အရပ်သားသေဆုံးသူ ၁၄၀ ကျော်ရှိသည်ဟုဆို

ရှမ်းမြောက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့သည့် သုံးပတ်သာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနှင့် တိုက်ပွဲအတွင်းထိခိုက်သေဆုံးသူ ၁၄၀ ကျော်ရှိခဲ့ကြောင်း သျှမ်းလူငယ်အရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။