Videos

ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဦးလဖိုင်ဂမ်အတွက် တရားမျှတမှုပျောက်ဆုံးနေဆဲ

ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဦးလဖိုင်ဂမ်အတွက် တရားမျှတမှုပျောက်ဆုံးနေဆဲ ဦးလဖိုင်ဂမ်ဟာ ၂၀၁၂ ခုနှစ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဖမ်းဆီးခံရစဉ်မှာ နှိပ်စက်ညှင်းပန်းခံခဲ့ရပါတယ်။ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံခဲ့ရကာ...

ကချင်ပြည်နယ်ရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲလာသလား

လွန်ခဲ့တဲ့နှစ်တွေအတွင်း ကချင်ပြည်နယ်ရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်ပြောင်းလဲလာသလားဆိုတာကို သိရှိနိုင်ဖို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တွေ၊ လူငယ်ခေါင်းဆောင်တွေနဲ့ တရားလွှတ်တော်ရှေ့နေအချို့ကို The 74 Media က တွေ့ဆုံမေးမြန်းထားပါတယ်။

ယုဇနညနေဈေးကို စနစ်တကျလုပ်ဆောင်ပေးရန်တောင်းဆို

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်ရှိ ညနေဈေးကို စည်ပင်သာယာရေးအဖွဲ့က ပျံကျဈေးအဖြစ်သာ သတ်မှတ်ထားသော်လည်း စနစ်တကျလုပ်ဆောင်မှုမရှိသဖြင့် ဥပဒေပါ သတ်မှတ်ချက်နှင့်အညီလုပ်ဆောင်ရန် ဈေးအနီးပတ်ဝန်းကျင်ရှိပြည်သူများက တောင်းဆိုသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးစက်ဘီးစီးကမ်ပိန်းပြုလုပ်ခဲ့

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့် ဥပဒေအရအကာအကွယ်ပေးရေးအတွက် စက်ဘီးစီးကမ်ပိန်းတစ်ခုကို ထွယ် (ဝင်းလက်) ဖောင်ဒေးရှင်းက ဦးဆောင်ပြီး နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၈ နာရီတွင်ပြုလုပ်ခဲ့သည်။