မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြိုနယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယမန်နေ့ ဇူလိုင် ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်ကသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်း (၃၀) ကျော်နှင့် လက်နက်မျိုးစုံ (၂၀၀) ကျော် သိမ်းဆည်းရမိခဲ့ကြောင်း PSLF/TNLA က ထုတ်ပြန်ခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) စတင်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှ မိုးကုတ်မြို့ကိုတိုက်ခိုက်ခဲ့ခြင်းပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Jet Fighter ဖြင့် ၂၁ ကြိမ်၊ Y12 လေယာဥ်ဖြင် ၉ ကြိမ်၊ လက်နက်ကြီးဖြင့် ၇၈ ကြိမ်နှင့် အတွဲလိုက်ဒုံး ၁၈ လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 

ဓါတ်ပုံ – PSLF/TNLA News

သင့်ထင်မြင်ချက်ရေးပေးပါ