ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ မြေဧက
တစ်သိန်းကျော်မှာ တစ်ရှူးဌက်ပျောကို
ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးနေပါတယ်။
ကချင်ပြည်နယ်အစိုးရက တစ်ရှုးငှက်ပျောဟာ
ပြည်နယ်ရဲ့ ဝင်ငွေအတွက် အရေးပါတဲ့
လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ဆိုထားပေမယ့်
ဒေသခံတွေရဲ့ မြေယာသိမ်းဆည်းမှုတွေ၊
ဓားမဦးချတောင်ယာလုပ်ငန်းတွေ ပျက်စီးတာ၊
သဘာဝပတ်ဝန်းကျင်ညစ်ညမ်းတာတွေအပြင်
အလုပ်သမားတွေကို
ခေါင်းပုံဖျက်တဲ့ပြဿနာတွေရှိနေတဲ့အတွက်
တစ်ရှုးငှက်ပျောလုပ်ငန်းကို ဒေသခံအများအပြားက
ကန့်ကွက်မှုတွေရှိနေပါတယ်။
အငြင်းပွားဖွယ်ရာ
တစ်ရှုးငှက်ပျောလုပ်ငန်းနဲ့ပတ်သက်ပြီး
ဝိုင်းမော်မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်
ကိုယ်စားလှယ်လောင်းတွေရဲ့ အမြင်တွေကို
စုစည်းတင်ပြလိုက်ပါတယ်။
သင့်ထင်မြင်ချက်ရေးပေးပါ