မြစ်ကြီးနားမြို့ ကျောက်စိမ်းအဝိုင်းပတ်လည်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒေဖာ်ထုတ်သူများကို
ရဲတပ်ဖွဲ့ နဲ့ စစ်တပ်မှဆန္ဒပြသူတွေကို လာရောက်ဖြိုခွဲစဉ်
ဆွမ်ပရာဘွမ်လမ်းမကြီးဘေး၌ ကွမ်းယာရောင်းသူတစ်ဦးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဖမ်းဆီးခံရသူကွမ်းယာရောင်းသူသည် ဆန္ဒဖော်ထုတ်ရာ၌ပါဝင်သူမဟုတ်ဟု ယင်းပတ်ဝန်းကျင်တွင်နေထိုင်သူတစ်ဦးက The 74 Media ကို ပြောသည်။
“ဆန္ဒပြတာလည်း မပါဘူး၊ ကွမ်းယာရောင်းေနတာ”ဟု ပြောသည်။
သူသည် ရမ်ပူရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး ကေျာက်စိမ်းအဝိုင်းပတ်လည်အနီး ေနရာသစ်အမည်ဖြင့်ကွမ်းယာဆိုင်ဖွင့်ထားသူဖြစ်သည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် မြစ်ကြီးနားမြို့တွင်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို ရဲနှင့်စစ်သားများက နံနက် ၁၁ နာရီခန့်တွင် လူစုခွဲစဉ် ဖမ်းဆီးခံရသူအချို့ရှိသော်လည်း အရေအတွက်မည်မျှဖမ်းခံရသည်ကို မသိရှိရသေးပါ။
သင့်ထင်မြင်ချက်ရေးပေးပါ