မြစ်ကြီးနားမြို့တွင် မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်သောကြောင့် ဒဏ်ရာရရှိသူများရှိသည်ဟု သိရသည်။
ရမ်ပူရပ်ကွက်သပိတ်တွင် ဦးခေါင်းနှင့် ကျောဘက်တွင် ရဲတပ်ဖွဲ့မှ ရာဘာကျည်ဖြင့် ပစ်ခတ်ခံခဲ့ရသော အမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“ကျွန်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးတဲ့အချိန် နောက်ကနေ ပစ်ခံရတာ၊ နောက်လှည့်ကြည့်တော့ ရဲသုံးယောက်လောက်ရှိတယ်၊ အဲ့ကောင်ကို ပစ်ဆိုပြီး ပြောတာ၊ ခေါင်းနဲ့ ကျောမှာ မှန်သွားတယ်” ဟု ရာဘာကျည်ထိမှန်ခဲ့သူကပြောသည်။
အဆိုပါ အမျိုးသားအပြင် ယနေ့ မြစ်ကြီးနားမြို့တွင်ပြုလုပ်ခဲ့သော စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် အခြားတစ်ဦးလည်း ရာဘာကျည်ဖြင့် လက်မောင်းတွင် ၄ချက်ပစ်ခံရသည်။
ယနေ့ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်သပိတ်၊ ပြောက်ကျားသပိတ် အပြင် ဆိုင်ကယ်သပိတ်လည်းပြုလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူ အများအပြားရှိကြောင်း အဆိုပါ သပိတ်တွင်ပါဝင်သူများထံမှ သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ