စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားစဥ် ကျဆုံးသွားခဲ့သော KIA ဗိုလ်ဖြစ်သူ ကိုဇော်ဂျာနော်အား ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓါတုဗေဒကျောင်းသား/ကျောင်းသူများမှ ဒီမိုကရေစီသူရဲကောင်းအဖြစ် ကမ္ဗည်းမှတ်တမ်းတင်ကြောင်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နာတွင် ရေးသားထားသည်။
ထို့အပြင် ကိုဇော်ဂျာနော် ကျဆုံးခြင်းအတွက် ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ ကျောင်းသား/ကျောင်းသူများအားလုံးမှ အထူးဝမ်းနည်းကြေကွဲရကြောင်းဆိုသည်။
ကိုဇော်ဂျာနော်သည် ရတနာပုံတက္ကသိုလ် ကုန်ထုတ်ဓာတုဗေဒ ကျောင်းသားဟောင်းတစ်ဦးဖြစ်သည်။
မည်သည့်တိုက်ပွဲတွင် ကိုဇော်ဂျာနော် ကျဆုံးခဲ့သည်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
သင့်ထင်မြင်ချက်ရေးပေးပါ