မိုးညှင်းမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်သပိတ် လှည့်လည်အပြီး ဘူတာကြီးရှေ့လူစုခွဲချိန်တွင် မိုးညှင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂအမှုဆောင်ဟောင်း မမြတ်နိုးဝေနှင့်အတူ ကိုကျော်မြင့်ထွန်းတို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။
အသက် ၂၄နှစ်အရွယ် မမြတ်နိုးဝေသည် မြစ်ကြီးနားတက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပြီး ၅၀၅-က ဖြင့် စစ်ကောင်စီက ဝရမ်းထုတ်ထားသူဖြစ်သည်။ ကိုကျော်မြင့်ထွန်းသည် အသက် ၂၀အရွယ်ခန့်ဖြစ်ကြောင်း မိုးညှင်းဒေသခံများမှသိရသည်။
၎င်းတို့ ၂ ဦးကို ဖမ်းဆီးသူများမှာ သေနတ်လွယ်ထားသော အရပ်ဝတ်များဖြစ်ပြီး ရဲစခန်းသို့ခေါ်ဆောင်သွားကြောင်း ကနဦးသိရသည်။
စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ပြန်ထားသည့် စာရင်းတွင် မိုးညှင်း တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့နှင့် နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင် လူငယ် ၁၂ ဦး၊ သပိတ်ဦးဆောင်သူ ၂ ဦးနှင့်အလွတ်တန်းသတင်းထောက်တစ်ဦးကို သဘာဝဘေးစီမံ ဥပဒေပုဒ်မ (၂၅)နှင့် ဖမ်းဝရမ်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်အထိ မိုးညှင်းမြို့နယ်အတွင်း စစ်ကောင်စီက ဖမ်းဆီးထောင်ချခံရသူ ၆၀ခန့်ရှိပြီး သေဆုံးသူ (၃)ဦးရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ