ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မော်ဖောင်းကျေးရွာရှိ လေတပ်စခန်းအနီးတွင် ယနေ့ည ၉နာရီခွဲခန့်မှ စတင်ကာ ပစ်ခတ်သံများကြားနေရကြောင်း သိရသည်။
ပစ်ခတ်သံသည် တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး သေနတ်သံတင်မဟုတ်ဘဲ မီးရှူးမီးပန်းများပါဝင်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“၉ နာရီခွဲလောက်ကတည်းကကြားရတာ။ တစ်ခါကြားရင် လေးငါးချက်။ အစက မီးရှူးမီးပန်းတွေဖောက်တာ။ နောက်တော့ သေနတ်သံတွေ လေးငါးချက်တစ်ကြိမ်ကြားနေရတယ်။ နားလိုက်ပစ်လိုက်ပဲ။ KIA တွေလာမှာစိုးလို့ လေတပ်ကအရင်စပစ်နေတာထင်တယ်”ဟု ပြောသည်။
ပစ်ခတ်သံများကြောင့် ပြည်သူအချို့ ကတုတ်ကျင်းများတွင် ဝင်ရောက်ပုန်းခိုနေကြောင်း သူကဆက်ပြောသည်။
ပြည်သူများ ထိခိုက်မှုရှိ၊ မရှိကို The 74 Media မှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
ထိုသို့ ပစ်ခတ်မှုသည် ယနေ့ညနှင့်ဆိုလျှင်
နှစ်ညဆက်ရှိပြီ ဖြစ်သောကြောင့် ပြည်သူများထိတ်လန့်နေကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ