ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ဘန်လုံကျေးရွာတွင် လာရောက် စစ်ဘေးတိမ်းရှောင်နေသော အိမ်ထောင်စု ၁၁၇ စုသည် ၎င်းတို့၏ မူလနေရပ်ဖြစ်သော ယန်ဝူကျေးရွာသို့ ဧပြီလ ၂၃ရက်နေ့က ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်းသိရသည်။
စစ်ဘေးတိမ်းရှောင်ရခြင်းနှင့်ပတ်သက်၍ ယန်ဝူကျေးရွာမှ ဓမ္မအမှုတော်ဆောင် ဆရာတစ်ဦးက ယခုလိုပြောသည်။
” ၂၀၁၄ ဧပြီလကနေစပြီး ဘန်လုံမှာ စစ်ဘေးတိမ်းရှောင်ရင်းနေထိုင်ခဲ့တယ်။ ၇ နှစ်ကြာပြီး ဒီနေ့မှာတော့ နေရပ်ကိုပြန်လာနိုင်ခဲ့တာပေါ့”ဟု ပြောသည်။
ထို့နောက် ယန်ဝူဒေသခံများ စစ်ဘေးတိမ်းရှောင်နေထိုင်လာသည့် (၇)နှစ်အတွင်း အဖက်ဖက်မှကူညီပေးခဲ့ကြသော အလှူရှင်များနှင့် အဖွဲ့အစည်းအသီးသီးအား ကျေးဇူးတင်ရှိကြောင်း သူကဆက်ပြောသည်။
၂၀၁၁ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံပြည်သူ ၁သိန်းကျော်သည် ၎င်းတို့၏ နေရပ်ကို စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
Source : KBC Kachin
သင့်ထင်မြင်ချက်ရေးပေးပါ