ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အနီးရှိ စစ်ကောင်စီတပ်မှ ယနေ့ နံနက် ၁၁နာရီ ဝန်းကျင်ခန့်မှ စတင်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
မိုးမောက်မြို့အနီးရှိ ခမရ ၄၃၇ တပ်မှ ၁၀မိုင်ကျော်ကွာဝေးသော မြို့သစ်ကျေးရွာဘက်သို့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” မိုးမောက် ၄၃၇ တပ်ကနေ မြို့သစ်ဘက်ကို ပစ်နေကြတာ၊ မြို့သစ် မုံမိန်းဘုရားမှာ ဒီမနက်ကတည်းကနေပစ်နေကြတာ” ဟု ပြောသည်။
မွန်းလွဲ ၁နာရီ ၁၄ မိနစ်အထိ လက်နက်ကြီး ၇ ကြိမ်ပစ်ခတ်ပြီးနေပြီး ယခုအချိန်ထိ ပစ်ခတ်နေကြောင်းသူက ဆက်ပြောသည်။
မိုးမောက်မြို့နယ်တွင် တိုက်ပွဲကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းများတွင် ပုန်းခိုနေကြသည်။
သင့်ထင်မြင်ချက်ရေးပေးပါ