ဖားကန့်မြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် စစ်ကောင်စီက ခန့်ထားသည့် အုပ်ချုပ်ရေးမှူးများနှင့် ၎င်းတို့၏ မိသားစုဝင်များကို သတိပေးထားသော စာများ ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေကြောင်း သိရသည်။
အဆိုပါသတိပေးစာတွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသော အုပ်ချုပ်ရေးမှူးများကို “မိမိလုပ်ရပ်မှားများကို ရပ်တန်းက ရပ်၍ ရှောင်ပြေးရန်နှင့် ၎င်းတို့၏ မိသားစုဝင်များကို တစ်ပါတည်း ခေါ်ဆောင်သွားရန် “ များ အသိပေးစာတွင် ပါရှိသည်။
ဖားကန့်မြို့နယ်အတွင်းရှိ ဆန်းကြွယ်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ကို အမည်မသိသေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် မေလ (၁၃) ရက်နေ့တွင်လည်း ယူမာ ကျေးရွာမှ အုပ်ချုပ်ရေးမှူးဦးမြင့်လွင် က ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
ဖားကန့်မြို့နယ်သည် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများနေ့စဉ်ပြုလုပ်သည့်နေရာတစ်ခုဖြစ်သလို ကေအိုင်အေနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲအများဆုံးဖြစ်ပွားသည့် ဒေသတစ်ခုဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ