ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ယနေ့မှစတင်ပြီး အခြေခံပညာကျောင်းများ၌ ကျောင်းအပ်စတင်လက်ခံမည်ဖြစ်ကြောင်းသိရသည်။
22
ချီဖွေမြို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေးအတွက် စစ်ကောင်စီမှ စီစဥ်နေကြောင်းအမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“ပညာရေးဌာနက ၂၂ရက်နေ ကျောင်းအပ်ရမယ်ပေါ့။ အခု မြို့နယ်စီမံကနေ စီစဉ်နေတာတော့ရှိတယ်။ ကျောင်းဖွင့်ဖို့ အတွက် ပညာရေးကလည်း ဆရာမတွေ အကုန်လုံးကို ပြန်ခေါ်မှာ ပညာရေးမှူး ပြောတာ” ဟု ၎င်းကပြောသည်။
ချီဖွေမြို့နေ မိဘများတွင် ၎င်းတို့၏သားသမီးများကိုကျောင်းအပ်နှံမည့်မိဘများထက် ကျောင်းမအပ်နှံမည့်မိဘများ ပိုများကြောင်းသူကဆိုသည်။
ကျောင်းသားမိဘတစ်ဦးက စစ်ကောင်စီလက်အောက်ခံပညာရေးတွင် ၎င်း၏ သားသမီးကို ကျောင်းထားမည်မဟုတ်ကြောင်း The 74 Media ကိုပြောသည်။
“ကျွန်မတို့က စစ်ကောင်စီရဲ့ လက်ထက်မှာ ကျောင်းမထားချင်ဘူးပေါ့ အရင်ဒီမိုကရေစီအစိုးရလက်ထက်တော့ ထားချင်တယ်။ ပြီးတော့ ကျွန်မတို့ကို ကျောင်းမအပ်ရင် ဖမ်းမယ်လို့ ပြောနေတာ ” ဟုပြောသည်။
ထို့အပြင် ချီဖွေမြို့တွင် ကျောင်းအပ်လက်ခံရန်အတွက် တာဝန်ကျ ဆရာ၊ဆရာမ အချို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ပြောသည်။
“မြို့နယ်ရဲ့ တစ်ချို့ဆရာမ တွေလည်း ရောက်နေပြီ။ မရောက်သေးတဲ့ ဆရာမတွေကိုလည်း ပြန်ခေါ်မှာတဲ့။ ဆရာ၊ ဆရာမ မလောက်ရင်လည်း လောက်အောင် သင်မှာတဲ့” ဟု သူကဆက်ပြောသည်။
ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၇၀ ကျော်ရှိပြီး CDM တွင်ပါဝင်နေသာ ဆရာ၊ ဆရာမပေါင်း ၁၈၀ ကျော်ရှိသည်။
ပုံ- ၂၀၂၀ခုနစ် ဧပြီလအတွင်းက ရိုက်ကူးထားခြင်းဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ