ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံစံပြကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သေနတ်ပစ်ဖောက်မှုများပြုလုပ်ပြီး လုံခြုံရေးကင်းစောင့်နေသော လူငယ်များအပါအဝင် ပြည်သူ ၇ ဦးထက် မနည်း ဖမ်းဆီးသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့ မေလ ၂၄ ရက်နေ့၊ ည ၁၁ နာရီခွဲခန့်တွင် ရပ်ကွက်လုံခြုံရေး ပြုလုပ်ပေးနေသော လူငယ်များနှင့် လမ်းသွားလမ်းလာ ရေမဆေး ရှာဖွေသူများကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မမုံ ရွာထဲ စစ်ခွေးတွေ ဝင်လာပြီး ကင်းစောင့်နေတဲ့ လူငယ်တွေကို ဆွဲသွားပြန်ပြီ၊ သေနတ်သံတွေရော ကြားရတယ်၊ ကားတွေနဲ့ပတ်နေတာတွေကြားတယ်၊ အိမ်ရှေ့က တံခါးလာခေါက်လို့ အိမ်နောက်ပြေးခဲ့ရတယ်၊ဘယ်နှစ်ယောက်ပါသွားလဲတော့ အတိအကျမသိဘူး၊ ဂိတ်သံဆူးတွေပါ ရိုက်ဖြတ်သွားတာ” ဟုပြောသည်။
ဖမ်းဆီးခံရသူများနှင့်ပတ်သက်ပြီး မည်သူမည်ဝါဖြစ်ကြောင်း မသိရှိရသေးပါ။
ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ
လူအချို့၏ သတင်းပေးမှုများကြောင့် နေအိမ်ထဲ ဝင်ရောက်၍ မကြာခဏ လိုက်လံ ဖမ်းဆီးမှုများ ပြုလုပ်လျှက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ