ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့အနီးတွင် ယနေ့ နံနက် ခြောက်နာရီခန့်တွင် KIAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒေါ့ဖုန်းယန်မြို့၌ တပ်စွဲသည့် ခလရ (၁၄၂) နှင့် ကေအိုင်အေအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနက်က ပစ်ကြတယ်။ ဒေါ့ဖုန်းယန်စစ်တပ်ကနေ KIA တွေရှိတဲ့ဘက်ပစ်ကြတာ။ နှစ်ဖက်ပစ်ကြတာဟုတ်တယ်။ လက်နက်ကြီးသံတော့ ၄ ချက်လောက်ပဲကြားလိုက်တယ်။ သေနတ်သံ ပိုများတယ်” ဟုပြောသည်။
တိုက်ပွဲကြောင့် နှစ်ဖက် အထိအခိုက် အကျအဆုံးကိုမူ မသိရှိရသေးပါ။
မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်၊ လဂျားယန်နှင့် ခယာတောင် ဘက်တွင် စစ်အင်အားဖြည့်တင်းရန်ရောက်ရှိလာသော စစ်ကောင်စီ၏ ထောက်ပို့ယာဥ်များကို ကေအိုင်အေက ပစ်ခတ်တိုက်ခတ်မှုများ ပြုလုပ်နေသည်။
ဓါတ်ပုံ/ ၂၀၁၉ ခုနစ်က ရိုက်ကူးထားသောပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ