မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဧဒင်နယ်မြေ ရွှေလမ်းမကြီးပေါ်ရှိ ဂါလိလဲတံတားတွင် ယနေ့ ညနေပိုင်း ၄ နာရီခန့်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဂါလိလဲတံတားတွင် စစ်ကားဖြတ်သွားချိန် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကားဖြတ်သွားတဲ့ချိန် ပေါက်တယ်လို့ ပြောတယ် မိုင်းနှစ်လုံးကွဲတယ်။ ကွဲတော့ သေနတ်သံတွေ ဘယ်နှချက်လဲ မမှတ်မိတော့ဘူး။ အချက်ပေါင်းမနဲဘူး စစ်ကောင်စီတပ်က ရမ်းပစ်နေကြတာ” ဟု သူကပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် အထိခိုက်ရှိ၊မရှိ ကြောင်းကိုမူ The 74 Media က အတည်ပြုနိုင်ခြင်း မရှိသေးပါ။
မြစ်ကြီးနားမြို့ ၊ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ် ၁၁ အခြေခံပညာကျောင်းတွင်လည်း ယနေ့ မွန်းလွဲ ၁၂နာရီခွဲအချိန်ခန့်က မိုင်းသုံးလုံးပေါက်ကွဲခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ