မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်ရှိ ဂါလိလဲတံတားတွင် ယနေ့ မွန်းလွဲ သုံးနာရီခွဲခန့်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့စဥ်တွင် ကျောက်ခဲစထိမှန်ခဲ့သောကြောင့် အသက် ၃၂နှစ်အရွယ် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
အမျိုးသမီး၏ တင်ပါးတွင် မိုင်းစများထိမှန်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်း နီးစပ်သူတစ်ဦးကပြောသည်။
အဆိုပါ ဂါလိလဲတံတားတွင် စစ်ကားဖြတ်သန်းသွားချိန် မိုင်းနှစ်လုံးပေါက်ကွဲခဲ့ခြင်းသည်။
သင့်ထင်မြင်ချက်ရေးပေးပါ