ဟိုပင်မြို့ရှိ အလကခွဲကျောင်းတွင် မီးလောင်မှုဖြစ်ပွား

ကချင်ပြည်နယ်၊ ဟိုပင်မြို့ အင်းလေးကျေးရွာရှိ အ.လ.က(ခွဲ) ကျောင်းကို ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ ည (၁၂)နာရီခွဲခန့်တွင် မီးရှို့ခံရကြောင်း သိရသည်။

ဟိုပင်မြို့ရှိ အလကခွဲကျောင်းတွင် မီးလောင်မှုဖြစ်ပွား

 

ကျောင်းဆောင်မီးလောင်မှုမှာ ရှို့မီးဟု ဒေသခံများကသုံးသပ်နေကြပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံမျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
“ဝါယာကနေလောင်တာမဟုတ်ဘူးဗျ။ မသမာသူတွေကနေ ရှို့တဲ့မီးလို့တော့ သုံးသပ်နေကြတယ်ဗျ။ ကျောင်းဆောင်ဟောင်းကတော့ တစ်ဆောင်လုံးပျက်စီးသွားတယ်ဗျ။ လူထိခိုက်မှုတော့မရှိပါဘူးဗျ။ တော်တော်လေးမီးငြိမ်းပြီဆိုမှ မီးသတ်ကားရောက်လာတာပါဗျ။” ဟုသူကပြောသည်။
အဆိုပါကျောင်းတွင်‌ ကျောင်းတက်နေကြသော ကျောင်းသား/သူစုစုပေါင်း ၂၀ ကျော်ရှိသည်ဟု သူကဆက်ပြောသည်။
ကချင်ပြည်နယ်၌ ယခုလ ဇွန်လအတွင်း စာသင်ကျောင်းများတွင် မီးလောင်မှုနှင့် ဗုံးပေါက်ကွဲမှု ငါးကြိမ်ဖြစ်ပွားခဲ့သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ