ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသရှိ နန့်မွန်းမြို့ ဘီလူးလမ်းကပ်ကျော်ဘုရားအနီးရှိ တောစပ်တစ်နေရာတွင် အမျိုးသမီးငယ် နှစ်ဦး သတ်ဖြတ်ခံရကြောင်း သိရသည်။
အသတ်ခံရသည့် အဆိုပါ အမျိုးသမီးနှစ်ဦး၏ အလောင်းအနီးတွင် ဆိုင်ကယ်တစ်စီးလည်းတွေ့ရှိရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရုပ်အလောင်းတွေကတော့ ပျက်ဆီးနေပြီ။ အက်ဆီးဒင့်ဖြစ်ပြီး သေတာတော့ မဖြစ်နိုင်ဘူးဗျ။ ဘာကြောင့်ဆိုတော့ ဆိုင်ကယ်က ရပ်ထားလို့လေ၊ အသေးစိတ်တော့ မသိရသေးဘူး”ဟု ပြောသည်။
လက်ရှိအချိန်တွင် ပါရမီလူမှုကူညီမှုအသင်းမှ သေဆုံးသူနှစ်ဦး၏ အလောင်းများအား သွားရောက်သယ်ယူနေဖြစ်ကြောင်း သူကဆက်ပြောသည်။
အသတ်ခံရသည့် အမျိုးသမီးနှစ်ဦးမှာ အသက် ၁၃နှစ်နှင့် ၁၆နှစ်အရွယ် မိုင်းနောင်ကျေးရွာ မြနန္နာတွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ