ကချင်ပြည်နယ်၊ မချမ်းဘော့မြို့နယ်တွင် ယနေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်ရင်းတစ်ခုကို KIA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ် ခလရ ၁၃၇ ကို KIA တပ်မှ သွားရောက် ပစ်ဖောက် ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မချမ်းဘော့ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“မချမ်းဘော့စစ်တပ်မှာ ၊ ခလရ ၁၃၇ ဟုတ်တယ် ၊စစ်ကောင်စီဘက်က ဆယ်ချက်လောက် ပြန်ပစ်တယ်” ဟု ပြောသည်။
ပစ်ခတ်ဖောက်ခွဲမှုကြောင့် ထိခိုက်သူရှိမရှိကိုမူ မသိရှိရကြောင်း သူကဆက်ပြောသည်။
မချမ်းဘော့မြို့တွင် ယခင်က ကေအိုင်အေအဖွဲ့မှ သွားရောက် ပစ်ခတ်မှုမျိုးမရှိကြောင်း ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ