ကချင်ပြည်နယ် ပူတာအိုမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သော အသက် ၈၀ ဝန်းကျင် အဘွားတစ်ဦးသည် ဇူလိုင်လ ၂၈ရက်နေ့က ကိုဗစ် ၁၉ ဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။
မိသားစုဝင်တစ်ဦးထံမှ ကိုဗစ်ကူးစက်ခံရပြီးနောက် နေမကောင်းဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကThe 74 Mediaကိုပြောသည်။
“သူ့သားမက်ကနေ ကူးတာလို့ကြားတယ်။ တစ်အိမ်လုံးမှာ မကူးတာ နှစ်ယောက်ဘဲလွတ်တယ်။ ကိုဗစ်ဖြစ်ပြီး လေး ငါးရက် တစ်ပတ်လောက်ကြာမယ်။ အသက်လည်းကြီးပြီ အဘွားက” ဟု သူက ပြောသည်။
ဇူလိုင်လ ၂၈ ရက်နေ့ တစ်ရက်အတွင်း ပူတာအိုမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၂ ဦးရှိကြောင်း သူကပြောသည်။
ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် ပူတာအိုမြို့နယ်တွင် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူပေါင်း ၉၂ ဦးထိရှိပြီး သေဆုံးသူနှစ်ဦးရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ