လိုင်ဇာတွင် ပထမဆုံး ကိုဗစ်လူနာ တစ်ဦး သေဆုံး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်၁၉ အတည်ပြုလူနာ အမျိုးသမီးတစ်ဦး ယနေ့နံနက်တွင် သေဆုံးသွားကြောင်း သိရသည်။

လိုင်ဇာတွင် ပထမဆုံး ကိုဗစ်လူနာ တစ်ဦး သေဆုံး

 

သေဆုံးသူ လူနာအမျိုးသမီးသည် လိုင်ဇာမြို့၊ ဝေကျိုင်ရပ်ကွက်မှဖြစ်ကာ အထူးကြပ်မတ်ဆောင်တွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က The 74 Media ကိုပြောသည်။
“တစ်ခေါက်တော့စစ်ပြီးပြီ ဇူလိုင် ၂၉ ရက်နေ့က စစ်ပြီး Positive တွေ့တာဟုတ်တယ်။ ဒီမနက် ICU မှာဆုံးသွားတာ။ သူက သွေးတိုးရော ဆီးချိုရော ရောဂါအခံ ရှိတာဟုတ်တယ်” ဟု သူကပြောသည်။
လိုင်ဇာတစ်မြို့လုံးကို ကိုဗစ်၁၉ ပိုးစစ်ဆေးမှု အဖြေနှင့် ပတ်သက်ပြီး အတိအကျ မသိရှိရသေးကြောင်း သူကဆက်ပြောသည်။

လိုင်ဇာမြို့ ဝေကျိုင်စစ်ရှောင်စခန်းနှင့် ဂျေယန်စစ်ရှောင်စခန်းတွင် ဇူလိုင်လ ၂၇ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၃ ဦးတွေ့ရှိပြီးနောက် လိုင်ဇာတစ်မြို့လုံးရှိပြည်သူများကို ကိုဗစ်ပိုးစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ