ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာတွင် ယနေ့ညနေ ၅ နာရီကျော်ခန့်က ခလရ ၅၈ တပ်မှ စစ်သားများ ပစ်ခတ်မှုကြောင့် ဝူယန်မှ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။

စစ်တပ်ရှေ့မှ ဖြတ်သွားသော လင်မယားနှစ်ဦးကို ခ.လ.ရ ၅၈ တပ်မှ ပစ်ခတ်ခဲ့ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး သေနတ် ထိမှန် သေဆုံးခဲ့သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) တပ်၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

 

” ညနေ ၅၈ ကနေကျော်သွားတုန်းက ဖြစ်သွားတာ သူတို့လင်မယားနှစ်ယောက် မှာ အမျိုးသားက လွတ်သွားတယ် အမျိုးသမီးက ရင်ဘတ်မှာ တည့်တည့်ထိသွားတယ်လို့ကြားတယ်” ဟု သူကပြောသည်။
သေနတ်ထိမှန်သေဆုံးခဲ့သော အမျိုးသမီးသည် ဝူယန်ကျေးရွာ ငေါ့ချန်းရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။
ဝိုင်းမော်မြို့ မဒိန်ကျေးရွာအနီးရှိ ခလရ ၅၈ တပ်ရင်းတွင် ဩဂုတ်လ ၃ ရက်နေ့မှစ၍ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် ပြည်သူတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ မွေးမြူထားသော ဝက်များသေခဲ့ပြီး၊ နေအိမ် ခြောက်အိမ် ထက်မနည်း ထိခိုက်ပျက်စီးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ