ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့တွက် ယနေ့ နံနက် ၁၀ နာရီ၄၀ မိနစ်ခန့်တွင် ပေါက်ကွဲသံ ၃ ကြိမ် ကြားရကြောင်း သိရသည်။
မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက်မှ ပြည်သူတစ်ဦးက အလွန်ကျယ်လောင်သော ပေါက်ကွဲသံဖြစ်ကြောင်း The 74 Media ကိုပြောသည်။
“မြစ်ကြီးနားမှာ အိမ်ထဲနေရင်းနဲ့ကြားရတာ အကျယ်ကြီးပဲ ဆက်တိုက်ကြားရတာ၊ နန်းကွေ့ဘက်လား ဝိုင်းမော်ဘက်လား မသိဘူး။ မြေကြီးတောင်တုန်သွားတယ်” ဟု သူကပြောသည်။
တပ်ကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးကလည်း ”ပေါက်ကွဲသံအကျယ်ကြီးပဲ၊ ၃ချက်၊ မြေကြီးတောင်တုန်သွားတယ်”ဟုဆိုသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခ.လ.ရ (၃၇) မှ ထွက်ပေါ်လာသော ပေါက်ကွဲသံများ (သို့မဟုတ်) နန်းကွေ့ကျေးရွာအနီးမှ ထွက်ပေါ်လာသော ပေါက်ကွဲသံများဟု မြို့ခံများ ပြောဆိုနေကြသည်။
အဆိုပါပေါက်ကွဲသံသည် ဝိုင်းမော်မြို့အနီးရှိ ခလရ (၅၈) တပ်မှ ထွက်ပေါ်လာသော အသံမဟုတ်ကြောင်း ဝိုင်းမော်မြို့ခံတစ်ဦးကဆိုသည်။
ယခု ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး သတင်းအချက်အလက်ကို The 74 Media မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ