ဝိုင်းမော်အခြေစိုက် ခ.လ.ရ (၅၈) အနီး ပစ်ခတ်သံများ ပြန်လည်ထွက်ပေါ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခ.လ.ရ ၅၈ တွင် ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ ည ၇ နာရီခွဲခန့်မှစ၍ ပစ်ခတ်သံများကြားနေရကြောင်း သိရသည်။

ခလရ ၅၈ တပ်အနီးတွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကြားနေရသည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အကြီး ငါးချက်ရှိပြီ အသေးလဲ ပါတယ် တစ်ဖက်ပဲထင်တယ် အသေး(သေနတ်) ပစ်နေတယ် အခုကော ကြားနေတယ်။ ဆက်တိုက်ဆက်တိုက် ပစ်နေတာ။” ဟုသူကပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ခါ့ကွမ်ကျေးရွာတွင် ဩဂုတ်လ ၁၈ ရက်နေ့ ည ၈နာရီအချိန်ကလည်း ခလ၇ ၅၈ တပ်၏ ပစ်ခတ်မှုကြောင့် ရွာလမ်းမပေါ်တွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျရောက်ခဲ့ပြီး နေအိမ်တစ်အိမ်ရှိ မီးဖိုးချောင်တွင်လည်း လက်နက်ကြီးစများ ကျရောက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ